Wednesday, October 29, 2014

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ်တွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၂၈


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေ ကိုယ်စားလှယ် Mr.Giuscppe DE VINCENTIIS နှင့် အရှေ့ တောင်အာရှဒေသဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ညှိနှိုင်းရေးမှူး Mr.James Lynchတို့သည် ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချနေထိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင် ရွက်လို၍ဖြစ်ပါကြောင်း၊ ဒုက္ခသည်များ ပြန်လည်အခြေချ နေထိုင်မည့် ဒေသ၏လုံခြုံရေးနှင့်တည်ငြိမ်ရေး၊ စားဝတ် နေရေးပြဿနာ၊ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စများ၊ ကုလ သမဂ္ဂနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့၏ သဘောထားမှာ မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံအကြား ဒုက္ခသည်များ ပြန်လည်ရွှေ့ပြောင်းရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာဖြစ်စေ၊ သဘောတူညီချက် ဖြစ်စေ လက်မှတ်ရေးထိုး ဆောင်ရွက်သွားစေလိုပါကြောင်း၊ နှစ်နိုင်ငံဘက်မှ လိုအပ်ချက်အားလုံး ပါဝင်ရန်လိုအပ် ကြောင်း၊ UNHCRမှလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ Road Map ရေးဆွဲထားပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ အဓိကဦးဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒုက္ခသည်များ ပြန်လည်ရွှေ့ပြောင်းရေးကိစ္စရပ်နှင့်ပတ်သက်၍ ကာကွယ် ရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်ရ မည့်အပြင် အခြားဆက်နွှယ်လျက်ရှိသော ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာ-ထိုင်းနယ်ခြားကော်မတီ များကို အဆင့်အလိုက် ဖွဲ့စည်းထားရှိပြီး ထိုနယ်ခြား ကော်မတီများကလည်း လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

(ကြေးမုံ)

No comments:

Post a Comment