Wednesday, October 29, 2014

အာဖဂန်သမ္မတသစ် ပေကျင်းသို့ရောက်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေးဖွယ်

 Photo: အာဖဂန်သမ္မတသစ် ပေကျင်းသို့ရောက်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေးဖွယ်
====================================

ပေကျင်း      အောက်တိုဘာ      ၂၈

အာဖဂန်သမ္မတသစ် အက်ရှ်ရက်ဖ်ဂါနီသည် တရုတ်နိုင်ငံမြို့တော်ပေကျင်းသို့ အောက်တိုဘာ ၂၈ ရက်တွင် ရောက်ရှိလာသည်။ ယခုနှစ်ကုန်ထက် နောက်မကျဘဲ အာဖဂန်နစ္စတန်နိုင်ငံမှ နေတိုးတပ်ဖွဲ့များ ရုပ်သိမ်းရန် ပြင်ဆင်ချိန်တွင် သမ္မတဂါနီ ပေကျင်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

တစ်ချိန်တစ်ခါက အမေရိကန်အခြေ စိုက် တက္ကသိုလ်ပညာရှင်တစ်ဦးဖြစ်ခဲ့သူ ဂါနီ သည် လွန်ခဲ့သည့်လက အာဖဂန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ စစ်ကြောင့်ပျက်စီး ခဲ့ရသော အာဖဂန်နစ္စတန်နိုင်ငံ၌ ပထမဆုံး အကြိမ် ဒီမိုကရေစီနည်းလမ်းတကျ အာဏာ လွှဲပြောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။

လေးရက်ကြာခရီးစဉ်အဖြစ်  တရုတ် နိုင်ငံသို့လာရောက်သည့် ဂါနီနှင့်အတူ အဆင့် မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လိုက်ပါလာခဲ့ သည်။ သမ္မတဂါနီသည် တရုတ်သမ္မတရှီကျင့် ဖျင် နှင့် ခေါင်းဆောင်များအား တွေ့ဆုံသည့် အခါ အာဖဂန်နစ္စတန်နိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကိစ္စရပ်ကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရသည်။

ဂါနီသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေး သဘောတူညီချက် အများအပြားကိုလည်း လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်တွင် မြို့တော် ပေကျင်း၌ ကျင်းပမည့် ညီလာခံတစ်ရပ်သို့ သမ္မတဂါနီတက်ရောက်ရန် စီစဉ်ထားသည်။ အဆိုပါညီလာခံကို အစ္စတန်ဘူလ်လုပ်ငန်း စဉ်ဟု အမည်ပေးထားပြီး အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်း နိုင်ငံများအတွင်း ဒေသဆိုင်ရာ လုံခြုံရေး၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြ မည်ဖြစ်သည်။                      ရိုက်တာ။
 
No comments:

Post a Comment