Wednesday, October 29, 2014

ပြန်ပေးဆွဲခံရသော ဂျပန်နိုင်ငံသားများအရေးကိစ္စ ဂျပန်နှင့်မြောက်ကိုရီးယား ပြုံးယမ်း၌ ပထမဆုံးဆွေးနွေး

Photo: ပြန်ပေးဆွဲခံရသော ဂျပန်နိုင်ငံသားများအရေးကိစ္စ ဂျပန်နှင့်မြောက်ကိုရီးယား ပြုံးယမ်း၌ ပထမဆုံးဆွေးနွေး
==============================================

ပြုံယမ်း အောက်တိုဘာ ၂၈

ပြန်ပေးဆွဲခံရသည့် ဂျပန်နိုင်ငံ သားများကိစ္စ    ဆယ်စုနှစ်တစ်ခု အတွင်း   ပထမဆုံးအကြိမ်အဖြစ် ဂျပန်နှင့် မြောက်ကိုရီးယားတာဝန်ရှိ သူများ ပြုံယမ်းမြို့၌ ဆွေးနွေးခဲ့ကြ သည်။ 

၁၉၇ဝ ပြည့်လွန်နှင့် ၁၉၈ဝ ပြည့် လွန်နှစ်များအတွင်း ဂျပန်နိုင်ငံသား ၁၃  ဦးကို    ပြန်ပေးဆွဲခဲ့ကြောင်း မြောက်ကိုရီးယားတာဝန်ခံက  ပြောကြားသည်။ အဆိုပါပြန်ပေးဆွဲထား ခဲ့သော ဂျပန်နိုင်ငံသား ငါးဦးအား ၂ဝဝ၂ခုနှစ်က ပြန်လွှတ်ပေးခဲ့ကြောင်း၊ အခြားရှစ်ဦးမှာ သေဆုံးခဲ့ကြောင်း ပြုံယမ်းကပြောကြားသည်။ သို့သော် လည်း ဂျပန်နိုင်ငံက  အဆိုပါကိစ္စ အပေါ်အယုံအကြည်မရှိဟု ဆိုသည်။ ဂျပန်နိုင်ငံသားများ     ထိုထက်မက    ပြန်ပေးဆွဲခံရလိမ့်မည်ဟု ယုံကြည် ထားသည်။ ယင်းသမိုင်းကြောင်း ကြောင့်  ဂျပန်နှင့်မြောက်ကိုရီးယား တို့  တရားဝင်ဆက်ဆံမှုများ  ပြတ် တောက်ခဲ့ရသည်။ 

ပြန်ပေးဆွဲခံရသော ဂျပန်နိုင်ငံ သားများအရေး    စုံစမ်းစစ်ဆေး ရန် မြောက်ကိုရီးယားက သဘော တူခဲ့ပြီးနောက်     ဂျပန်နိုင်ငံက လည်း ပြုံယမ်းအပေါ်  အရေးယူ ပိတ်ဆို့ထားမှုအချို့ကို   ရုပ်သိမ်းပေး ခဲ့သည်။ 

ဂျပန်အစိုးရက မြောက်ကိုရီး ယားတို့အနေဖြင့်   ဂျပန်နိုင်ငံသား  ၁၇ ဦးကို    ပြန်ပေးဆွဲထားသည် ဟု ယုံကြည်ထားသည်။   ယင်းတို့ အနက် ငါးဦးသာ ၂ဝဝ၂ ခုနှစ်က နေရပ်နိုင်ငံသို့  ပြန်ပို့ပေးခဲ့သည်။ နှစ်ဖက်တာဝန်ရှိသူများသည်  စက် တင်ဘာလက အဆိုပါကိစ္စအတွက် တရုတ်နိုင်ငံ၌   ပထမဆုံးအကြိမ် ဆွေးနွေးခဲ့သည်။ 

(ဘီဘီစီ)

Like

No comments:

Post a Comment