Wednesday, October 29, 2014

ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပုန်များတိုက်ခိုက်သိမ်းပိုက်

Photo: ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပုန်များတိုက်ခိုက်သိမ်းပိုက်
=============================================

ဒမတ်စကတ်  အောက်တိုဘာ ၂၈

အယ်လ်ခိုင်ဒါနှင့်ဆက်နွှယ်သော  စစ်သွေးကြွများနှင့်   အခြားသော  ဆီးရီးယားသူပုန်အုပ်စုများက အစိုးရ ထိန်းချုပ်သော   အိုင်းဒလစ်မြို့ရှိ အစိုးရ   အဆောက်အအုံများကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

အဆိုပါ သေနတ်သမားများက အစိုးရတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ အား သတ်ဖြတ်ခဲ့ကြောင်း နူဆရာ တပ်ဦးသူပုန်အဖွဲ့က ပြောသည်။

ဆီးရီးယားအစိုးရသည် ၂ဝ၁၂ ခုနှစ်ကတည်းက အဆိုပါမြို့ကို သူပုန်  များထိန်းချုပ်မှုအောက်မှ ရယူထား သည်။ လေးနှစ်တာဆီးရီးယားစစ်ပွဲ အတွင်း သေဆုံးသူ ၂ဝဝဝဝဝ ကျော် ရှိ သွားပြီဖြစ်ကြောင်း သိရသည်။

ဆီးရီးယားကာ့ဒ်မြို့ ကိုဘာနီ၌ ဗြိတိသျှသတင်းထောက်ဂျွန်ကင်တိုင်း  အား အိုင်အက်စ်တို့က ခေါင်းဖြတ် သည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် အစိုးရထိန်းချုပ်သော အိုင်းဒလစ် မြို့ကို သူပုန်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင်များက ကိုဘာနီမြို့ရှိ အိုင်အက်စ်တို့အား တိုက် ခိုက်နေချိန် အမေရိကန်တို့ကလည်း လေကြောင်းမှ  လက်နက်များပံ့ပိုး ပေးလျက်ရှိသည်။ တူရကီနှင့်နယ်စပ် အနီး အဆိုပါမြို့တွင်းနှင့် မြို့ပြင်တို့ ၌တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။  

 ဆီးရီးယား  ကာ့ဒ်တပ်ဖွဲ့ဝင် များကိုကူညီရန်နှင့် အီရတ်ကာ့ဒ်တပ် ဖွဲ့ဝင်များကို    ဝင်ရောက်ခွင့်ပြုလိမ့် မည်ဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်း ပတ်က တူရကီက ပြောသည်။  
    
 (ဘီဘီစီ)

Like

No comments:

Post a Comment