Wednesday, October 29, 2014

အမရပူရတောင်သမန်အင်း ရေမကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်

Photo: အမရပူရတောင်သမန်အင်း ရေမကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်
==========================================

မန္တလေး အောက်တိုဘာ ၂၈

အမရပူရတောင်သမန်အင်းတွင် အင်းရေမကျသဖြင့်      စိုက်ပျိုးရေး လုပ်ငန်းများနှင့်   သဘာဝပတ်ဝန်း  ကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာလျက်ရှိသည်ဟုဒေသခံ တစ်ဦးကပြောကြားသည်။  

''ကမ္ဘာလှည့်      ခရီးသွားများ   အစဉ်အမြဲ  လာရောက်လေ့ရှိသည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားရှိရာ အဆိုပါမန္တလေး အမရပူရမြို့ တောင် သမန်အင်းဒေသသို့ ဆောင်းခိုငှက် များလာရောက်မှု ယခုနှစ်တွင် နောက် ကျမည်ဖြစ်ကြောင်း၊ နှစ်စဉ်အောက် တိုဘာလ နောက်ဆုံးပတ်၌  ဆောင်းခို ငှက်များသည်  တောင်သမန်ဒေသသို့ ရောက်ရှိပြီး မတ်လကုန်၌ မူလနေရာ များသို့   ပြန်လည်ထွက်ခွာလေ့ရှိ ကြောင်း၊ ယခင်နှစ်ကလည်း အောက် တိုဘာ နောက်ဆုံးပတ်တွင်  မိုးရွာ သွန်းခဲ့ခြင်းကြောင့်  အင်းရေမကျ သဖြင့် ဆောင်းခိုငှက်များ နိုဝင်ဘာ ပထမပတ်မှ တောင်သမန်အင်းဒေသ သို့ရောက်ရှိခဲ့ပြီး    ယခုနှစ်တွင်လည်း အင်းရေမကျသဖြင့် နိုဝင်ဘာပထမ ပတ်မှ      စတင်ရောက်ရှိနိုင်၍ တောင်သမန်အင်းဒေသမှာ ဒေသရင်း နှင့် ဆောင်းခိုငှက်မျိုးစိတ် ၅ဝ ကျော် ခန့်     နေထိုင်ကျက်စားလျက်ရှိပါ ကြောင်း၊  ရှားပါးဆောင်းခိုငှက်များ လာရောက်မှု  နောက်ကျရခြင်းမှာ အင်းရေမကျသဖြင့်   စားကျက်မြေ မရှိ၍ဖြစ်ကြောင်း၊  တောင်သမန် အင်းဒေသသို့ နှစ်စဉ် ဟင်္သာ၊ ငဟစ်၊ ဒေါင်းလန်းခြေထောက်၊ နှုတ်သီးလန် ဒေါင်းလန်းခြေထောက်၊  စင်ရော်တို့ လာရောက်ကျက်စားလေ့ရှိကြောင်း'' ဟု  ငှက်ကြည့်ပညာရှင် ဦးဇေမောင် သိန်းက ပြောကြားခဲ့သည်။
တင်မောင်(မန္တလေး)

Like

No comments:

Post a Comment