Wednesday, October 29, 2014

အိုင်တီယူညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက်



နေပြည်တော် အောက်တိုဘာ ၂၈


ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ (အိုင်တီယူ)၏ အာဏာပြည့်ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများသို့ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရာ အောက်တိုဘာ ၁၉ ရက်တွင် ၂ဝ၁၄ ခုနှစ် ဘူဆန်အိုင်စီတီဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့လည်းကောင်း၊ အောက်တိုဘာ ၂ဝ ရက်မှ ၂၂ ရက်အတွင်း ၂ဝ၁၄ ခုနှစ် အိုင်တီယူအာဏာပြည့်ညီလာခံသို့လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ကမ္ဘာ့ အိုင်စီတီဆိုင်ရာ ဝန်ကြီးများတွေ့ဆုံပွဲ အစီအစဉ်သို့လည်းကောင်း တက် ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် အောက် တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် အိုင်တီယူ အာဏာပြည့်ညီလာခံ၌ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင် သည့် မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ်ပြော ကြားသည်။

အိုင်တီယူ အာဏာပြည့်ညီလာခံ သည် အပြည်ပြည်ဆိုင်ရာ ဆက်သွယ် ရေးအဖွဲ့၏ အမြင့်ဆုံးအစည်းအဝေး ဖြစ်ပြီး အိုင်တီယူအထွေထွေအတွင်း ရေးမှူးချုပ်၊ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်နှင့် ဒါရိုက်တာများ ရွေးချယ်ခြင်းနှင့် လေးနှစ်တာ ကာလအတွင်း ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးနှင့် အိုင်စီတီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ ချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

(ကြေးမုံ)

No comments:

Post a Comment