Wednesday, October 29, 2014

နောင်ချို၊ ပင်လောင်းနှင့် ဖားကန့်မြို့တို့၌ ဘိန်းဖြူများ သိမ်းဆည်းရမိ

 Photo: နောင်ချို၊ ပင်လောင်းနှင့် ဖားကန့်မြို့တို့၌ ဘိန်းဖြူများ သိမ်းဆည်းရမိ
===========================================

နေပြည်တော် အောက်တိုဘာ ၂၈

မူးယစ်တပ်ဖွဲ့(၂၄)  လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၅ ရက်က ကျောက်မဲ -နောင်ချို ပြည်ထောင်စု လမ်းမပေါ် နောင်ပစ်လမ်းခွဲအနီးတွင် သီပေါမြို့မှ နောင်ချိုဘက်သို့ စံမောင် မောင်းနှင်ပြီး အိုက်ပွဲလိုက်ပါလာသည့် ဆိုင်ကယ်အားရှာဖွေရာ စံမောင် ဝတ်ဆင်ထားသည့်   အနွေးထည် အိတ်ကပ်အတွင်းမှ ဘိန်းဖြူ ၁၂ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် သုံးခွက် (အလေးချိန် ၃၆ ဂရမ်) သိမ်းဆည်း ရမိသဖြင့် စံမောင်(၄ဝ)နှစ်နှင့် အိုက်ပွဲ (၃၇)နှစ် တို့နှစ်ဦးအား  မူးယစ်ဆေးဝါး နှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက်က   ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု    ပိန္နဲကုန်း ကျေးရွာနေ   ခွန်အောင်သန်း၏ နေအိမ်အားရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ ဘိန်းစိမ်း(အလေးချိန် ၈ဝဝ ဂရမ်)သိမ်းဆည်းရမိသဖြင့် ခွန်အောင် သန်း(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

ထို့အတူ  မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၅ ရက်က ဖားကန့် မြို့နယ်    ဆိပ်မူကျေးရွာအုပ်စု ကျောက်သွေးတောင်ကျေးရွာအနီး ကားလမ်းမတွင် သိန်းစိုး(ခ)ဖြိုးကို မောင်းနှင်ပြီး   မင်းထက်အောင် လိုက်ပါလာသည့်   ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ သိန်းစိုး(ခ)ဖြိုးကို လွယ်ထားသည့်   အနက်ရောင် ဘေးလွယ်အိတ်အတွင်းမှLove is Flowerစာတန်းပါရောင်စုံ ဆပ်ပြာ ခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ မှုန့်(အလေးချိန်  ၁၅ ဂရမ်)ခန့်စီပါ ငါးခွက်    (အလေးချိန် ၇၅ ဂရမ်) သိမ်းဆည်းရမိသဖြင့် သိန်းစိုး(ခ)ဖြိုးကို(၂၁)နှစ်နှင့် မင်းထက်အောင် (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ  ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။       

(ကြေးမုံ)
 
No comments:

Post a Comment