Wednesday, October 29, 2014

ရေးမြို့နယ်၌ ဖမ်းဆီးမိသည့် မိကျောင်းမ သေဆုံး

 Photo: ရေးမြို့နယ်၌ ဖမ်းဆီးမိသည့် မိကျောင်းမ သေဆုံး
================================

ရေး     အောက်တိုဘာ    ၂၈

မွန်ပြည်နယ် ရေးမြို့ လမိုင်းဘိနယ် မော့ကနင်ကျေးရွာ ဝဲဒုံချောင်းအတွင်း ဖမ်းဆီးရမိခဲ့သည့်  အလျား ခြောက်ပေ သုံးလက်မ၊  လုံးပတ်နှစ်ပေရှိသည့် မိကျောင်းအမသည် ရေးမြို့နယ် သစ်တောဦးစီးဌာန၌ ငါးရက်ကြာ ယာယီ ထိန်းသိမ်းထားစဉ် အောက်တိုဘာ ၂၇ ရက် နံနက် ၈နာရီခွဲက ဦးခေါင်းအတွင်းရရှိ ထားသော အလျား  နှစ်လက်မ၊  အနက်တစ်လက်မခန့်ရှိ   အနာဟောင်းမှ  သွေးဆိပ်တက်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းရေးဆေးသုတေသနဌာနမှ ဒေါက်တာထွန်းမြင့်၏ စစ်ဆေးတွေ့ရှိချက် အရ သိရသည်။

အဆိုပါသေဆုံးသွားသောမိကျောင်းအမမှာ အသက် နှစ်နှစ်အရွယ်ဖြစ်ပြီး အများပြည်သူများအား ရုပ်လုံးသွင်းကြည့်ရှုနိုင်ရန်အတွက် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ရှိ  သဘာဝသမိုင်းပြတိုက်၌ ထားရှိပြသသွားမည်ဖြစ်ကြောင်း သိရ သည်။                                                        

(ထွဋ်ထွဋ်)
 
No comments:

Post a Comment