Monday, October 27, 2014

၁၀၁၄ခုနှစ် ကချင်ပြည်နယ် အမျိုးသာ၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ကာယဗလမောင်နှင့် အမျိုးသမီးကာယကြံ့ ခိုင်မှုပြိုင်ပွဲဖွင့်


နေပြည်တော် အောက်တိုဘာ ၂၆

၂ဝ၁၄ခုနှစ် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံး၊  အရှေ့သက်မှတ် နေရာ၌ကျင်းပရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းတို့က အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲများကို သေနတ်ပစ်ဖောက် တာလွှတ်ပေးကြသည်။

အဆိုပါ ပြိုင်ပွဲသို့ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ကချင်ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြစ်ကြီးနား မြို့ပေါ်မှ အားကစားဝါသနာရှင်မိဘ ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆုချီးမြှင့်ပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားမီနီမာရ သွန်ပြိုင်ပွဲတွင် တတိယဆုရမောင်ပြေ တီငြိမ်း၊ ဒုတိယဆုရ မောင်ငွါး ချယ်လို၊ ပထမဆုရ မောင်ဆန်းလင်းတို့ကို ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး  ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တတိယဆုရရှိသော မဝင်းဝင်းအေး၊  ဒုတိယဆုရရှိသော မခင်ဖန်နင်၊  ပထမဆုရရှိသော မသွယ်သွယ်ဝင်းတို့ကို ငွေသားဆုနှင့် ဆုဖလားများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ ပြည်နယ်အားကစား ကွင်းအတွင်း ကျင်းပသော ၂ဝ၁၄  ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာပြီး အမှတ်တရ အားကစား ပစ္စည်းအရောင်းဆိုင်ကို ကြည့်ရှုအားပေးကာ ပြည်နယ်အစိုးရအဖွဲ့သို့ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ပြည်နယ် အားကစားရုံအတွင်း၌ ကျင်းပလျက်ရှိသော ဒေသတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် ခရိုင်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။(မြန်မာ့အလင်း)

No comments:

Post a Comment