Monday, October 27, 2014

အိုင်အိုယာမာ မီးတောင်ပေါက်ကွဲမည့်အရေး ဂျပန်ပြည်သူများစိုးရိမ်

Photo: အိုင်အိုယာမာ မီးတောင်ပေါက်ကွဲမည့်အရေး ဂျပန်ပြည်သူများစိုးရိမ်

တိုကျို   အောက်တိုဘာ  ၂၆

 ဂျပန်နိုင်ငံသည် ပထမပိုင်းတွင် ငလျင်၊ ထို့နောက်တွင် ဆူနာမီ၊ ယခု နောက်ဆုံးတွင် နျူကလီးယား ဘေးအန္တရာယ်ကို ကြောက်ရွံ့စိုးရိမ် နေရသည်။ အဆိုပါ နျူကလီးယား ဘေးအန္တရာယ်မှာ မီးတောင်လှုပ် ရှားမှုကြောင့်ဖြစ်ကြောင်း သိရှိရသည်။
 
ပျက်စီးပြိုပျက်နေသော ဆန်ဒိုင်းနျူကလီးယား အဆောက်အအုံ နားတွင်ရှိသော ငြိမ်သက်နေသော မီးတောင်သည် လှုပ်နိုးလာပြီဖြစ်ကြောင်း ဂျပန်တိုင်းမ်က ဖော်ပြခဲ့သည်။ ၎င်းမီးတောင်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ 

အွန်တာကေမီးတောင် ရုတ်တရက် မမျှော်လင့်ဘဲ ပေါက်ကွဲမှု ဖြစ်ပွားရာ တောင်တက်သမား ၇၅ ဦး သေဆုံးခဲ့ပြီး တစ်လခန့်အကြာတွင် ဤလှုပ်ရှားမှုအသစ်တစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

 ၂ဝ၁၁ ခုနှစ်မတ်လက အင်အား ရစ်ခ်ျတာစကေး ၉ အဆင့်ရှိ ငလျင်လှုပ်ခဲ့သောကြောင့် ဂျပန်နိုင်ငံတစ်ဝန်း မီးတောင်များ ပိုမိုပေါက်ကွဲမှု ဖြစ်လာနိုင်ကြောင်း မီးတောင် ပညာရှင်များက သတိပေးခဲ့သည်။ ဂျပန်နိုင်ငံသည် မီးတောင်ပေါင်း ၁ဝဝ ကျော်ရှိသည့် ပစိဖိတ်ငလျင် ကြောတွင် တည်ရှိသည်။  

သတိပေးချက်များ ထုတ်ပြန်ပြီး မကြာမီ ကျူရှူးကျွန်းပေါ်ရှိ အိုင်အိုယာမာမီးတောင် လှုပ်ရှားလာခြင်းသည် ဂျပန်ပြည်သူများအတွက် စိုးရိမ်မှု ဖြစ်လာသည်။ ဆန်ဒိုင်း နျူကလီးယားစက်ရုံကို မီးတောင်များ ဝန်းရံထားသည်။ ထို့ကြောင့် ပတ်ချာလည်ဝန်းရံထားသော မီးတောင်များအနက်  မီးတောင်တစ်ခု ပေါက်ကွဲ ခြင်းသည် ဆန်ဒိုင်းနျူကလီးယားစက်ရုံ၏ ဓာတ်ပေါင်းဖိုများကို ထိခိုက်စေနိုင်ပြီး တစ်နိုင်ငံလုံး ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း မီးတောင်ပေါက်ကွဲမှု ခန့် မှန်းရေးအကြီးအကဲ တိုရှီဆုဂုဖူဂျီက ပြောခဲ့သည်။ သြစတြေးလျ နက်ဝေါ့ခ်
ဓာတ်ပုံ-အေပီ

No comments:

Post a Comment