Monday, October 27, 2014

အုတ်ဖိုမြို့နယ်၌ မိုးစပါးပုလဲသွယ်စပ်မျိုးစပါး စံကွက်ရိတ်သိမ်း

Photo: အုတ်ဖိုမြို့နယ်၌ မိုးစပါးပုလဲသွယ်စပ်မျိုးစပါး စံကွက်ရိတ်သိမ်း

သာယာဝတီ  အောက်တိုဘာ  ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အုတ်ရှစ်ကုန်း ကျေးရွာအုပ်စု တောင်သူဦးစိန်မြင့်၏ ပုလဲသွယ်စံပြကွက် ၅ဒသမ ဝဝ ဧကတွင် အောက်တိုဘာ ၂၃ ရက်က စံကွက်ရိတ်သိမ်းပွဲ  ပြုလုပ်ခဲ့သည်။ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ် ရေးမှူး၊  မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူကြီးများ တက်ရောက်အားပေးကြသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လင်းက ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ သီးနှံများပြောင်း လဲစိုက်ပျိုးရေး၊ လိုအပ်ချက်ရှိလျှင် စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြောကြားသည်။ စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးထွန်းက မျိုးကောင်း၊ မျိုးသန့်များ စနစ်တကျပွားများရေးနှင့် စံကွက် ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။ ပုလဲသွယ်စပ်မျိုးစပါး စံကွက်ရိတ်သိမ်းရာတွင် အစိုတင်း ၂ဝ၅ ဒသမ ၅ဝ တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။   အောင်သူ(အုတ်ဖို)

No comments:

Post a Comment