နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး
ညွှန်ကြားရေးမှူး ဦးချိုထွန်းဦးဆောင်၍ ဥတ္တရ ခရိုင်၊ ဒက္ခိဏခရိုင်
ဦးစီးဌာနမှူးရုံးနှင့် သီရိငါးမြို့နယ် (ဇမ္ဗူ၊ ဇေယျာ၊ ပုဗ္ဗ၊ ဥတ္တရ၊
ဒက္ခိဏ)နှင့်တပ်ကုန်း၊ လယ်ဝေးနှင့်ပျဉ်းမနားမြို့နယ်များမှ အရာ ထမ်း၊
အမှုထမ်းစုစုပေါင်း ၈၆ ဦး တို့သည် အောက်တိုဘာ ၂၄ ရက်က
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဦးစီးဌာန
ဆိုင်ရာလုပ်ငန်းများ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။
ထိုသို့လေ့လာရာတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတွင်E-Visa
လုပ်ငန်းစနစ် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊
ပြည်သူ့အင်အားဦးစီးဌာန ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်
အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးနောက် စာရင်းဇယား
ပြုစုခြင်းလုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ်
ရှင်းလင်းပြောကြားပြသပေးခဲ့ကြောင်း၊ လေ့လာရေးသွားရောက်ခဲ့
ရခြင်းရည်ရွယ်ချက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ
နိုင်ငံတကာအဆင့်မီလုပ်ငန်းစနစ်များ တိုးတက်ဆောင်ရွက်နိုင်မှုအခြေအနေများကို
ဝန်ထမ်းများကိုယ်တိုင် သိရှိနားလည်ပြီး
ပြည်သူ လူထုအတွင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပေးခြင်းဖြင့် ဝန်ကြီးဌာန၏လုပ်ဆောင်ချက်များကို ဗဟုသုတ ရရှိစေရန်ရည်ရွယ်ကြောင်း သိရှိရသည်။
ပြည်သူ လူထုအတွင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပေးခြင်းဖြင့် ဝန်ကြီးဌာန၏လုပ်ဆောင်ချက်များကို ဗဟုသုတ ရရှိစေရန်ရည်ရွယ်ကြောင်း သိရှိရသည်။
ကိုကြီးကျော်(ပျဉ်းမနား)
No comments:
Post a Comment