Monday, October 27, 2014

အာဆီယံ-ဂျပန်ချစ်ကြည်ရေးအသင်းဝင်များ၏ အကြိမ်(၂၀)မြောက် တွေ့ဆုံပွဲကျင်းပ

Photo: အာဆီယံ-ဂျပန်ချစ်ကြည်ရေးအသင်းဝင်များ၏ အကြိမ်(၂၀)မြောက် တွေ့ဆုံပွဲကျင်းပ

ပုဂံ  အောက်တိုဘာ  ၂၆

(၂၁)ရာစု  အာဆီယံ-ဂျပန် ချစ်ကြည်ရေးအသင်း (AJAFA -21)၏အကြိမ် (၂ဝ)မြောက် ဒေသတွင်း တွေ့ဆုံပွဲ  20th   Regional Leaders Forum(20th RLF)ကို ဂျပန်နိုင်ငံလူငယ်များ ချစ်ကြည်ရေး  အစီအစဉ်အရ ရင်းနှီးချစ် ကြည်ရေးနှင့် အသင်းဝင်များ အချင်းချင်း နားလည်မှုရှိစေရေး  ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည်။

ယခုနှစ် မြန်မာနိုင်ငံသည် အာဆီယံအသင်း၏ အလှည့်ကျဥက္ကဋ္ဌ အနေဖြင့် ဆောင်ရွက်နေချိန်တွင် 20th RLF   ကို (JICA Alumni Association,Myanmar JAAM) သည်  JICA ရုံးချုပ်နှင့် JICA  မြန်မာရုံးတို့၏ အထောက်အပံ့တို့ ဖြင့် ကျင်းပလျက်ရှိရာ ပုဂံမြို့  UMBRA ဟိုတယ်တွင် အောက်တို ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ ကျင်းပသည်။ ဖိုရမ်၏ ယခုနှစ် ဦးတည်ချက်မှာ   (Respon- sible Community for Sustai- nable Development)   ဖြစ်ရာ  လူငယ်များ၏  လူထုနှင့်ပတ်ဝန်းကျင် အပေါ် တာဝန်ရှိမှုအရေးပါပုံ ကို  အာဆီယံနိုင်ငံများ အတွင်းသာမက မိမိတို့၏  မိမိကမ္ဘာမြေကြီးအတွက်ပါဖြစ်ကြောင်း ဆွေးနွေးကြသည်။ 

ဖိုရမ်ဖွင့်ပွဲသို့  မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၊ JAAM   ဥက္ကဋ္ဌ ဦးအောင်ဒင်၊ JICA မြန်မာရုံးဒေသ တာဝန်ခံ Mr.Ma-sahiko Tanaka တို့က  အမှာစကား ပြောကြားကြပြီး AJAFA-21 အသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  ဖိုရမ် တွင်အသင်းဝင် နိုင်ငံများက ဦးတည်ချက်နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး ကြသည်။

ဖိုရမ်ကျင်းပသည့် ရက်များအတွင်း ညောင်ဦးမြို့နယ် သန့်စင်ကြယ်ကျေးရွာ၌ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်၊ ပုဂံဒေသရှိ JICA စီမံချက်များသို့ သွားရောက်လေ့လာမှု ပြုကြသကဲ့သို့ ဖိုရမ်ပိတ်ပွဲတွင်လည်း သက်ဆိုင်ရာနိုင်ငံများမှ ယဉ်ကျေးမှုအစီအစဉ်များ တင်ပြ ခြင်းတို့ပါဝင်ကြောင်း သိရသည်။

မိုးကို(သစ်တော)

No comments:

Post a Comment