Monday, October 27, 2014
ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ညစာစားပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၂၆
 ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အထူးညစာစားပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခွဲက တာမွေမြို့နယ် နတ်မောက်လမ်း Chauium Hotel ၌ကျင်းပရာ နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အထူးညစာစားပွဲ အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊တိုင်းဒေသကြီး ဝန်ကြီးများ၊ရန်ကုန်စီးပွားရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၊နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးများဖြစ်ကြသော ဒေါက်တာအောင်ထွန်းသက်နှင့်ဒေါက်တာဦးမြင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နာယက (အငြိမ်းစားသံအမတ်ကြီး) ဦးလှမောင်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစားများ၊ Myanmar Institute of Economic Graduate Asso- ciation (MIEGA) အသင်းဥက္ကဋ္ဌနှင့်MCC Group Chairman ဦးတင်ဝင်းအောင်နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် နှစ်(၅ဝ) ပြည့်တော့မည်ဖြစ်ကြောင်း၊ မိမိသည်ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ၁၉၇၂ ခုနှစ်က စတင်တက်ရောက်ခဲ့ပြီး တက္ကသိုလ်၏ နှစ်(၅ဝ)ပြည့် သက်တမ်းတွင် (၄၂) နှစ် ပါဝင်ထမ်းဆောင်ခဲ့ကြောင်း၊ ထို့ပြင်မိမိအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် ၁ဝ နှစ်၊ ခြောက်လနှင့် ၂၆ ရက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယနေ့အချိန်အခါတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘွဲ့များ၊ပါရဂူဘွဲ့များ တက်ရောက်နိုင်ရန် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နိုင်ငံတော်အတွက် များစွာအထောက် အပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။
 ယင်းနောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)
No comments:
Post a Comment