Wednesday, October 29, 2014

ကော်စတာ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဒယ်ဘိုစကေးအား မော်ရင်ဟိုပြစ်တင်ရှုတ်ချ

Photo: ကော်စတာ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဒယ်ဘိုစကေးအား မော်ရင်ဟိုပြစ်တင်ရှုတ်ချ
===================================

ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး အသင်းနည်းပြ   မော်ရင်ဟိုသည် အသင်း၏  တိုက်စစ်မှူး ဒီယေဂို ကော်စတာ   ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ စပိန်အသင်းနည်းပြ ဒယ်ဘိုစကေးအား ပြစ်တင်ရှုတ်ချ လိုက်ကြောင်း သိရသည်။

တိုက်စစ်မှူး ဒီယေဂိုကော်စတာ သည် အက်သလက်တီကိုမက်ဒရစ် အသင်းမှ  ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ချိန်မှစတင်ကာ ပွဲစဉ် ခုနစ်ပွဲ၌ ကိုးဂိုးအထိသွင်းယူပေးနိုင်ခဲ့သော်လည်း    တံကောက်ကြော ဒဏ်ရာပြဿနာ ကြုံခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်းနောက်ဆုံးကစားခဲ့သည့်ပွဲစဉ်သုံးပွဲတွင်  လွဲချော်ခဲ့ရ သည်။

သို့ရာတွင်    အသက်(၂၆)နှစ် အရွယ်ရှိ   တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ချယ်လ်ဆီးအသင်း နှင့်အတူ လေ့ကျင့်ရေးအပြည့်အဝ ပြန်လည်ဆင်းနိုင်ပြီ ဖြစ်သောကြောင့် ကျူပီအာအသင်းအား  အိမ်ကွင်း စတမ်းဖို့ဘရစ်ခ်ျ၌ ဧည့်ခံကစားရမည့် ပရီမီယာလိဂ်ပွဲစဉ်(၁ဝ)တွင် ပါဝင် လာရန်သေချာနေပြီဖြစ်သည်။

ပရီမီယာလိဂ်ပြိုင်ဘက်   မန်ယူ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ရခြင်းသည်    တိုက်စစ်မှူးကော်စတာ ဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက    ကောက်ချက်ချခဲ့ပြီး စပိန်အသင်းနည်းပြ   ဒယ်ဘိုစကေး အနေဖြင့် လူဇင်ဘတ်၊ ဆလိုဗက်ကီး ယား စသည့်အသင်းများနှင့် ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲစဉ်များတွင် တိုက်စစ် မှူးကော်စတာအား အနားပေးခြင်း မရှိဘဲ ထည့်သွင်းကစားစေခဲ့ခြင်းနှင့် သုံးရက်အတွင်း နှစ်ပွဲကစားခဲ့ရခြင်း ကြောင့် ဒဏ်ရာပြဿနာကြုံခဲ့ခြင်းဖြစ် ကြောင်း  မော်ရင်ဟိုက   ဒယ်ဘို စကေးအား ပြစ်တင်ပြောဆိုခဲ့သည်။

(ငွေကြယ်)
 
No comments:

Post a Comment