Wednesday, October 29, 2014

အဆောက်အအုံနှင့် ဆောက်လုပ်ရေးညွှန်ကြားမှုဦးစီးဌာနကို မကြာမီစတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 Photo: အမျိုးသားလွှတ်တော်အစည်းအဝေး

အဆောက်အအုံနှင့် ဆောက်လုပ်ရေးညွှန်ကြားမှုဦးစီးဌာနကို မကြာမီစတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိ
=======================================

နေပြည်တော်  အောက်တိုဘာ ၂၈

ပထမအကြိမ်  အမျိုးသား လွှတ်တော် (၁၁)ကြိမ်မြောက်  ပုံမှန် အစည်းအဝေး (၂၄)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပ ခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ကျော်၏ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  မိုင်းဖြတ်-မိုင်း ယောင်း ကားလမ်းအား အဆင့်မြှင့် တင်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍   ဆောက်လုပ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးစိုးတင့်က မိုင်းဖြတ် - မိုင်းယောင်း လမ်းကို ဒေသခံပြည်သူများ အချိန်တို အတွင်း ကူးသန်းသွားလာမှု   အဆင် ပြေချောမွေ့စေရန်အတွက် ကတ္တရာ လမ်းအဆင့်ရောက်ရှိရန် ရည်မှန်း၍ ဆောင်ရွက်လျက်ရှိရာ ကျန်ရှိနေသော ကျောက်လမ်းနှင့် အမာခံလမ်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ များတင်ပြတောင်းခံပြီး ကတ္တရာလမ်း အဆင့်ရောက်ရှိအောင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးရဲမင်းထွေး၏ အထပ်မြင့် ကန်ထရိုက်တိုက်များ ဆောက်ရာတွင် ဒီဇိုင်း(Design)အပိုင်း၊ အရည် အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေး မှုအပိုင်း (Specification and Quality Control)နှင့်  သက်ဆိုင်ရာ ဆောက်လုပ်ရေး အဆင့်များ (Construction  Sequences) အလိုက် စနစ်တကျဆောင်ရွက်နိုင် မှုအား စစ်ဆေးသွားရန် အစီအစဉ် ရှိ/မရှိ နှင့် အရည်အသွေးပြည့်ဝ၍ လုံခြုံစိတ်ချရသော အဆောက်အအုံ များ ဆောက်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင် ရာအသင်းအဖွဲ့များဖြင့် ရေရှည် ပူးပေါင်းဆောင်ရွက်သွားရန် အစီ အစဉ်  ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် လည်းကောင်း၊  လူဦးရေ ၅ဝဝ နှင့်အထက် ဝင်/ထွက်အသုံးပြုမည့် အဆောက်အအုံ၊ အားကစားရုံ၊ ဈေး ဝယ်စင်တာကြီးများနှင့် ခန်းမကြီးများ တည်ဆောက်ရာတွင်လည်းကောင်း၊ ဒီဇိုင်းအပိုင်း၊ အရည်အသွေးပိုင်းနှင့် စံချိန်စံညွှန်းစစ်ဆေးမှုအပိုင်း၊ သက်ဆိုင်ရာ  ဆောက်လုပ်ရေးအဆင့်များ သည် များစွာအရေးကြီးပါကြောင်း။

ထို့အတူ အထပ်နိမ့်အဆောက် အအုံများနှင့် အခြားဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းအားလုံး  တည်ဆောက်ရာတွင်လည်း Construction Industry  တစ်ခုလုံးအတွက် မှန်ကန် သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ တစ်ပြေးညီထုတ် ပြန်ရန် အလွန်အရေးကြီးပါကြောင်း၊ အမျိုးသားလွှတ်တော်က မြန်မာနိုင်ငံ ၏အဆောက်အအုံကို  ဓဥပဒေအဆို တင်ပြပြီးဖြစ်၍  ဝန်ကြီးဌာနအနေဖြင့် UN - Habitat၊  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့နှင့် ညှိနှိုင်း၍ Myanmar Building Code  ကိုရေးဆွဲပြုစုနေပါကြောင်း။

အထပ်မြင့်ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် ဒီဇိုင်းပိုင်း၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုပိုင်းနှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးအဆင့်များအလိုက် စစ်ဆေးဆောင်ရွက်ခြင်းကို  အထပ် မြင့်အဆောက်အအုံ  တည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့က ၂ဝ၁၃  ခုနှစ်မှစ၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထပ်မြင့် အဆောက်အအုံစစ်ဆေး ခြင်းများကို ယခုထက်ပိုမိုစနစ်တကျ စီစဉ်နေသကဲ့သို့  အဆောက်အအုံ လုပ်ငန်းများအားလုံးကို ကောင်းမွန်စွာ စနစ်တကျလမ်းညွှန်ပေးနိုင်ရန် အတွက်  နိုင်ငံတကာနှင့်အညီ  Construction   Industry Development  Board  ကို ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့အတူ ဆောက်လုပ်ရေး လုပ်ငန်းများ ခြုံငုံ၍ညွှန်ကြားနိုင်မည့် အဆောက်အအုံနှင့် ဆောက်လုပ်ရေး ညွှန်ကြားမှုဦးစီးဌာနကို မကြာမီ စတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဖြေကြားသည်။

ယနေ့ အစည်းအဝေးတွင် ''မျိုးစေ့ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း''အား  အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီ၏ ပြင်ဆင်ချက်များ အတိုင်း အတည်ပြုပြီး ''မြန်မာ့ လေကြောင်းဥပဒေကြမ်း'' နှင့် စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြကာ အတည်ပြုချက်ရယူရန်  ဆုံးဖြတ်ခဲ့သည်။                (သတင်းစဉ်)
 
အမျိုးသားလွှတ်တော်အစည်းအဝေး

No comments:

Post a Comment