ရန်ကုန် အောက်တိုဘာ ၂၅
မြန်မာလက်ဝှေ့ဝါသနာရှင်များ နှစ်ခြိုက်စွာအားပေးလေ့ရှိသော နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံးက ကြီးမှူး၍ နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမ ၌ စီစဉ်ကျင်းပမည်ဖြစ်သည်။
နိုင်ငံတကာရိုးရာလက်ဝှေ့အထူးငါးချီစိန်ခေါ်ပွဲများတွင် မြန်မာ့လက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် ဥဇဘတ်ကစ္စတန်လက်ဝှေ့ချန်ပီယံ တူတာဘို့ဗ်၊ ဆီးဂိမ်းရွှေဆုရှင် တူးတူး(မြန်မာ)နှင့် ၂ဝ၁၃ WMC ချန်ပီယံမက်သရူး (ကနေဒါ)၊ ဒဂုံရွှေအောင်လံငွေဆုရှင် သပြေညို(မြန်မာ)နှင့် Lumpinee ချန်ပီယံ နာရွန်ချိုင်(ထိုင်း)၊ ကျားပေါက်(မြန်မာ)နှင့် ရာဖေးလ်(ဘရာဇီး)၊ စောအယ်လေး (မြန်မာ)နှင့် ၂ဝ၁၄ ချန်ပီယံ ဘတ်ဘာယာ (မွန်ဂိုလီးယား)၊ မိုးဟိန်း (မြန်မာ)နှင့် ဂျိုနယ် (ဖိလစ်ပိုင်)၊ ၂ဝ၁၃ ဒဂုံရွှေအောင်လံရွှေဆုရှင် ရဲမြတ်အောင် (မြန်မာ)နှင့် ဘီယွန်ဒီ (ဖိလစ်ပိုင်)တို့က ရေကုန်ရေခန်းယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
နိုင်ငံတကာရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပွဲများ မစတင်မီ မျိုးဆက်သစ်ရိုးရာလက်ဝှေ့သမားများ ပေါ်ထွန်းလာစေရေးအတွက် သုံးချီစိန်ခေါ်ပွဲများဖြစ်သည့် သားနဂါး(ဝါဆို)နှင့် သားဖိုးခွား(ရွှေဒေါန)၊ ရှိုင်းထက်နှင့် စိန်လုံးချော(မန္တလေး)၊ စောထူးအောင်(ဒို့ရိုးရာ)နှင့် ဒေါင်းဖြူလေး(ရွှေဒေါန)၊ စောဖြိုးဝေ(အဖြူရောင်သွေးသစ်)နှင့်နာဂစ်လေး(ရွှေဒေါန)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့်ပွဲစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ -အောင်ကျော်ဦး
No comments:
Post a Comment