Sunday, October 26, 2014

စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်တွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အထွေထွေရောဂါအခမဲ့ကုသပေးခြင်း ဖွင့်ပွဲကျင်းပ




နေပြည်တော် အောက်တိုဘာ ၂၅

 မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဥက္ကဋ္ဌ၏ လှူဒါန်းမှုဖြင့် နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိစမတောင်ရှိ မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်တွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ကျင်းပသည်။

 အခမ်းအနားတွင် စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်မေတ္တာရှင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒကိုယ်စား မဟာသဒ္ဓမ္မဇောတိကဓဇ ဦးဝင်းဖေ(ခ) ဦးရေဝတက သြဝါဒကထာမြွက်ကြားပြီး နိုင်ငံတော်သမ္မတ၏ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် သူရဦးမြင့်မောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က အမှာစကား ပြောကြားသည်။

 ထို့နောက် သူရဦးမြင့်မောင်နှင့်ဒေါက်တာခင်ရွှေတို့ကသင်ထောက်ကူပစ္စည်းများ၊ဝတ်စုံများပေးအပ်လှူ ဒါန်းခဲ့ပြီး ဒေါက်တာခင်ရွှေက စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ သွားရောက် ပညာသင်ယူနေကြသည့် နည်းပညာတက္ကသိုလ်တွင် ရှစ်ဦး၊ တပ်မတော် ဗိုလ်လောင်းသုံးဦးအတွက် တစ်ဦးကို တစ်လလျှင် ငွေကျပ်တစ်သိန်း၊ စီးပွားရေးတက္ကသိုလ်တွင် တစ်ဦး၊ သူနာပြုတက္ကသိုလ်တွင် လေးဦးအတွက် တစ်ဦးကို တစ်လလျှင် ငွေကျပ် ၅ဝဝဝဝတို့ကို ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့သည်။

 အဆိုပါ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကို စမတောင်ဆရာတော်ဘဒ္ဒန္တဝိမလနှင့်ဘဒ္ဒန္တဉာဏိန္ဒတို့က ရင်ခွင်မဲ့ကလေးငယ်များ၊ ဘဝချို့တဲ့သည့် ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၉ဝ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဘွဲ့ရ ၂ဝ ဦး ပြုစုမွေးထုတ်ပေးနိုင်ခဲ့သည်။ မဟာပရဟိတလူငယ်ဖွံ့ဖြိုး ရေးဥယျာဉ်တွင် ရင်ခွင်ပိုက်ကလေး ၄၂ ဦးအပါအဝင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့်တက္ကသိုလ်တက်ရောက်နေကြသည့် တိုင်းရင်းသားကလေးသူငယ် ၄၄၆ ဦးတို့ကိုပြုစုပျိုးထောင် ထောက်ပံ့ပေးလျက်ရှိသည်။

 ကိုကိုစိုးညွန့်

No comments:

Post a Comment