Sunday, October 26, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကျီးနီကန်ပြန်လည်ပြုပြင်မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှု

Photo: အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
ကျီးနီကန်ပြန်လည်ပြုပြင်မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှု

ရမည်းသင်း  အောက်တိုဘာ ၂၆

နှစ်(၈ဝ)ပြည့် ရမည်းသင်းမြို့ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရမည်းသင်းမြို့ မြို့မရပ်ကွက် ရန်အောင်မြင်သာသနာ့ ဗိမာန်၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ခရစ်သက္ကရာဇ် ၁၉၃၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့်  အဆိုပါ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများက ဦးစီးကျင်းပမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ စာသင်တိုက် ငါးတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်း  ၆ဝ သို့ ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ကျီးနီကန်ပြန်လည်ပြုပြင် မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှုရာ ဆည်မြောင်းဦးစီးဌာန  လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြုပြင် တည်ဆောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ (သတင်းစဉ်)

No comments:

Post a Comment