တူနီးရှား အောက်တိုဘာ ၂၅
တူနီးရှားမြို့တော်အနီး တောင်ပိုင်းဒေသ နေအိမ်တစ်အိမ်မှ လူအချို့ကို
ပြန်ပေးဆွဲသွားသော တက်ဖရီ အစွန်းရောက်ခြောက်ဦးအား တူနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက သုတ်သင်လိုက်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ စေ့စပ်ဆွေးနွေးမှု
မအောင်မြင်သည့်အဆုံး သောကြာနေ့က ကွတ်အဲလီဆင်ခြေဖုံးရှိ အဆိုပါနေအိမ်သို့
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း
အမျိုးသမီးငါးဦးနှင့်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးအား
ဖမ်းဆီးလိုက်သည်။တူနီးရှားလုံခြုံရေးတပ်ဖွဲ့များက အဆိုပါစစ်ဆင်ရေးတွင်
စစ်သွေးကြွများက ကလေးနှစ်ဦးအား လူသားတံတိုင်းအဖြစ် အသုံးချစဉ်
ကယ်တင်လိုက်နိုင်သည် ဟုဆိုသည်။
အဆိုပါ စစ်သွေးကြွများသည်
တနင်္ဂနွေနေ့တွင်ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲ၌ အနှောင့်အယှက်များ
ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြလျက်ရှိသည်။
''ဒီတိုက်ခိုက်ပွဲမှာ အမေလုပ်သူကသမီးဖြစ်တဲ့သူကို စစ်သွေးကြွတွေအတွက်
လူသားတံတိုင်းအဖြစ် အသုံးချခဲ့တာပါ၊ ဒီဖြစ်ရပ်က
တကယ့်အံ့ဖွယ်ဖြစ်ရပ်ပါပဲ''ဟု ပြည်ထဲ ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
မိုဟာမက်အလီ အာရိုအီက ပရက်စ်တီဗွီသို့ပြောသည်။
တူနီးရှားနိုင်ငံတွင် အဓိကရွေးကောက်ပွဲများမတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်လှန့်ဖြန့်ကြက်ချထားသည်။
(ပရက်စ်တီဗွီ)
No comments:
Post a Comment