Tuesday, October 28, 2014

ဘာစီလိုနာကွင်းလယ်လူ ပတ်ဒရိုအားခေါ်ယူရန် အာဆင်နယ်ပစ်မှတ်ထား

 
 
 
အင်္ဂလန် ထိပ်သီးကလပ် အာဆင်နယ်အသင်းသည် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း အသင်း၏တိုက်စစ်ကို အားဖြည့်ရန်အတွက် ဘာစီလိုနာ အသင်း၏ စပိန်ကွင်းလယ်လူ ပတ်ဒရိုအားခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သိရသည်။
အာဆင်နယ်အသင်းမှာ လာမည့် ဇန်နဝါရီကာလအတွင်း အသင်း၏ တိုက်စစ်ကို မဖြစ်မနေအားဖြည့်ရန် စီစဉ်နေပြီး ဘာစီလိုနာအသင်းတွင် ပုံမှန်နေရာ ပျောက်ဆုံးနေသည့် ပတ်ဒရိုအားခေါ်ယူရန် စိတ်ဝင်စား လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပတ်ဒရို မှာလည်း ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေ ကြောင်း သတင်းများထွက်ပေါ်နေပြီး အာဆင်နယ်အသင်းက ၄င်းအား လက်ဦးမှုရယူကာ ကြိုတင်ကမ်းလှမ်း သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းမှာ ပတ်ဒရို အတွက်ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် စီစဉ်နေပြီး အပြောင်းအရွှေ့ဖြစ် မြောက်လာခဲ့ပါက တစ်ပတ်လုပ်ခ ပေါင် ၈ဝဝဝဝ အထိပေးချေရန် အသင့်ရှိနေကြာင်း ဗြိတိန်သတင်းစာDaily Mail ကဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် အာဆင်နယ် အသင်းမှာ ပတ်ဒရို၏အေးဂျင့်ဖြစ် သူနှင့်ချိတ်ဆက်လျက်ရှိပြီး ဘာစီ လိုနာအသင်းထံ မကြာမီအချိန် အတွင်း တရားဝင်ကမ်းလှမ်းသွားဖွယ် ရှိကြောင်း ဗြိတိန်မီဒီယာများကဖော်ပြ ခဲ့ကြသည်။ ပတ်ဒရိုမှာ ဘာစီလိုနာ လူငယ်စီမံကိန်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်း အတွက် ၁၇၆ ပွဲပါဝင်ကစားကာ ၅၃ ဂိုးအထိ သွင်းယူပေးထားခဲ့သူ ဖြစ်သည်။

(ကိုရဲ)

No comments:

Post a Comment