Tuesday, October 28, 2014

မြန်မာ့လက်ရွေးစင်အသင်း ကာတာ၌ သွားရောက်လေ့ကျင့်မည်

Photo: မြန်မာ့လက်ရွေးစင်အသင်း ကာတာ၌ သွားရောက်လေ့ကျင့်မည်
=======================================

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲမတိုင်မီ ကာတာနိုင်ငံ၌ နှစ်ပတ်ကျော်ကြာ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ၌ အောင်မြင်မှုရရှိ ရန်အတွက် ယခုကဲ့သို့ သွားရောက်လေ့ကျင့်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်မှ ၁၈ ရက်အထိ ကာတာနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်းသည် အောက်တိုဘာ ၂၇ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး အသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ ခြေစစ်ပွဲအောင်မြင်ခဲ့သည့်အသင်းမှ တိုက်စစ်မှူး ရန်ပိုင်မှလွဲ၍ ကစားသမား ၂ဝ အထိ ပြန်လည်ပါဝင်လာပြီး မြန်မာယူ-၁၉အသင်းမှ သန်းပိုင်၊ ကျော်မင်းဦး နှင့် ငြိမ်းချမ်းအောင်တို့ သုံးဦး ရွေးချယ်ခံခဲ့ရသည်။

ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်- အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ-ဇီကိုဗစ်၊ ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ- ဒီနို၊ ကစားသမားများ အဖြစ် ဂိုး-သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ ရန်အောင်လင်း၊ နောက် တန်း- နေမျိုးအောင်၊ ဝင်းမင်းထွဋ်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ သိန်းဇော်၊ အောင်ဇော်၊ စည်သူအောင်၊ အလယ်တန်း-မင်းမင်းသူ၊ ကျော်ဇေယျာဝင်း၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ တင်ဝင်းအောင်၊ ရန်အောင်ကျော်၊ ချစ်စုမိုး၊ ဒေးဗစ်ဒန်း၊ နေလင်းထွန်း၊ အောင်ကျော်နိုင်၊ ရှေ့တန်း-ကျော်ကိုကို၊ ကြည်လင်း၊ သန်းပိုင်၊ စိုးမင်းဦးနှင့် နန္ဒလင်းကျော်ချစ်တို့ ပါဝင်ကြသည်။

သတင်း-ချစ်ကိုကို
ဓာတ်ပုံ-ရှိုင်းထက်ဇော်
 
No comments:

Post a Comment