Monday, October 27, 2014

မြန်မာယူ-၁၉အသင်းမှ ကျောနံပါတ် ၁၁ အား သီပေါပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု

Photo: မြန်မာယူ-၁၉အသင်းမှ ကျောနံပါတ် ၁၁ အား 
သီပေါပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု

သီပေါ အောက်တိုဘာ ၂၆

ယူ-၂ဝ   ကမ္ဘာ့ဖလားဝင်ခွင့်ရရန် အနိုင်ဂိုးသွင်းခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)သီပေါမြို့၌ နေထိုင်သော မြန်မာ့ဂုဏ်ဆောင်ဘောလုံး အားကစားသမား မြန်မာယူ-၁၉ အသင်းမှ ကျောနံပါတ် ၁၁ သန်းပိုင်အား ကြိုဆိုဂုဏ်ပြုပွဲ  အခမ်းအနားကို အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက သီပေါမြို့အဝင်မုခ်ဦး၌ ပန်း စည်းများကမ်းလှမ်း၍ သောင်းသောင်း ဖြဖြကြိုဆိုကြသည်။

ကြိုဆိုဂုဏ်ပြုပွဲတွင် သီပေါမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ဇော်၊  မြို့နယ်အား/ကာဦးစီး အရာရှိဒေါ်သန်းရွှေမာနှင့်အားကစား ဝါသနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများက အမျိုးသားရေးစိတ်ဓာတ်ဖြင့် မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားသန်းပိုင်အား နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုကြသည်။

''ကျွန်တော်တို့က အခုလိုဂုဏ်ပြုပြီး ဝမ်းပန်းတသာကြိုဆိုခြင်းဟာ သီပေါမြို့သားတစ်ယောက်အနေနဲ့ ကြိုဆိုခြင်း မဟုတ်ပါဘူး။  မြန်မာနိုင်ငံရဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးအားကစား သမားတစ်ယောက်အနေနဲ့ ရင်ထဲနှလုံးသားထဲကပါ လှိုက်လှိုက်လှဲလှဲကြို ဆိုခြင်းဖြစ်ပါတယ်''ဟု  မြို့လယ်ရပ်မှ ဘောလုံးသမားကြီးမြို့မိမြို့ဖ ဦးဘိုနီ က ပြောသည်။

နိုင်ငံကိုယ်စားပြုဘောလုံးသမား သန်းပိုင်အား ဒေသခံများကလှိုက် လှိုက်လှဲလှဲကြိုဆိုကြပြီး မြို့ပေါ်မှ ၁၁ ရပ်ကွက် ပြည်သူများကလည်း ဂုဏ် ပြုပွဲများ ဆက်လက်ကျင်းပကြမည် ဖြစ်ကြောင်းသိရသည်။ 

(စိုင်း-သီပေါ)

No comments:

Post a Comment