Monday, October 27, 2014

အင်းတော်မြို့နယ်အတွင်း ကျောင်းဆောင်သစ်များဆောက်လုပ်


Photo: အင်းတော်မြို့နယ်အတွင်း ကျောင်းဆောင်သစ်များဆောက်လုပ်

အင်းတော် အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်အတွင်း အလက၊ မူလွန်၊ အမကကျောင်းဆောင်သစ် လေးကျောင်းကို နိုင်ငံတော်မှချပေးသော ရန်ပုံငွေများဖြင့် တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အင်းတော်မြို့နယ်အတွင်း ကျောင်းဆောင်သစ်များ အမှန်တကယ်လိုအပ် လျက်ရှိသော အလက(ရေတွင်းကုန်း)၊ မူလွန်(ဆည်ရွာ)၊ အမက(နားခါ)နှင့် အမက(ညောင်ပင်ဆိပ်)ကျောင်းများတွင် စက်တင်ဘာလမှစတင်၍ တည်ဆောက်နေခြင်းဖြစ်သည်။ 

အလက(ရေတွင်းကုန်း)ကျောင်းမှာ အလျားပေ ၁၅ဝx အနံ ပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေကျပ် ၆၄၈ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် ၇၆၇ သိန်း ဖြစ်ကြောင်း၊ မူလွန်(ဆည်ရွာ)ကျောင်း မှာ အလျားပေ ၁၅ဝx အနံပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေကျပ် ၄၈၆ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် ၇၆၇ သိန်းဖြစ်ကြောင်း၊ အမက(နားခါ)ကျောင်းမှာ အလျားပေ ၉ဝ x အနံ ပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံ တော်မှ ငွေကျပ် ၃၂၄ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၄၄ဝ ဖြစ်ကြောင်း၊ အမက(ညောင်ပင်ဆိပ်) ကျောင်းမှာ အလျားပေ ၁၂ဝ x အနံ ပေ ၃ဝ မုခ်နှစ်ဖက်ပါ နှစ်ထပ်အုတ် ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေ ကျပ် ၃၂၄ သိန်းချပေးပြီး ခန့်မှန်း ကုန်ကျငွေမှာ ငွေကျပ် သိန်း ၆၈ဝ ဖြစ်သည်။ လိုအပ်ငွေများကို ကျောင်း အကျိုးတော်ဆောင်ကော်မတီများနှင့် အလှူရှင်များက စိုက်ထုတ်အကုန် အကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ပြောကြားသည်။

အဆိုပါ ကျောင်းလေးကျောင်းမှာ ၂ဝ၁၄ ဘဏ္ဍာရေးနှစ်မကုန်မီ အပြီး တည်ဆောက်ရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ရန် ကျောင်းဆောင်သစ်ဆောက်လုပ် ရေးကော်မတီများကလည်း ကြိုးစားဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ (မောင်ချစ်လင်း)

အင်းတော် အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်အတွင်း အလက၊ မူလွန်၊ အမကကျောင်းဆောင်သစ် လေးကျောင်းကို နိုင်ငံတော်မှချပေးသော ရန်ပုံငွေများဖြင့် တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အင်းတော်မြို့နယ်အတွင်း ကျောင်းဆောင်သစ်များ အမှန်တကယ်လိုအပ် လျက်ရှိသော အလက(ရေတွင်းကုန်း)၊ မူလွန်(ဆည်ရွာ)၊ အမက(နားခါ)နှင့် အမက(ညောင်ပင်ဆိပ်)ကျောင်းများတွင် စက်တင်ဘာလမှစတင်၍ တည်ဆောက်နေခြင်းဖြစ်သည်။

အလက(ရေတွင်းကုန်း)ကျောင်းမှာ အလျားပေ ၁၅ဝx အနံ ပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေကျပ် ၆၄၈ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် ၇၆၇ သိန်း ဖြစ်ကြောင်း၊ မူလွန်(ဆည်ရွာ)ကျောင်း မှာ အလျားပေ ၁၅ဝx အနံပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေကျပ် ၄၈၆ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် ၇၆၇ သိန်းဖြစ်ကြောင်း၊ အမက(နားခါ)ကျောင်းမှာ အလျားပေ ၉ဝ x အနံ ပေ ၃ဝ နှစ်ထပ်အုတ်ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံ တော်မှ ငွေကျပ် ၃၂၄ သိန်းချပေးပြီး ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၄၄ဝ ဖြစ်ကြောင်း၊ အမက(ညောင်ပင်ဆိပ်) ကျောင်းမှာ အလျားပေ ၁၂ဝ x အနံ ပေ ၃ဝ မုခ်နှစ်ဖက်ပါ နှစ်ထပ်အုတ် ညှပ်သွပ်မိုးဖြစ်ပြီး နိုင်ငံတော်မှ ငွေ ကျပ် ၃၂၄ သိန်းချပေးပြီး ခန့်မှန်း ကုန်ကျငွေမှာ ငွေကျပ် သိန်း ၆၈ဝ ဖြစ်သည်။ လိုအပ်ငွေများကို ကျောင်း အကျိုးတော်ဆောင်ကော်မတီများနှင့် အလှူရှင်များက စိုက်ထုတ်အကုန် အကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ပြောကြားသည်။

အဆိုပါ ကျောင်းလေးကျောင်းမှာ ၂ဝ၁၄ ဘဏ္ဍာရေးနှစ်မကုန်မီ အပြီး တည်ဆောက်ရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်နိုင်ရန် ကျောင်းဆောင်သစ်ဆောက်လုပ် ရေးကော်မတီများကလည်း ကြိုးစားဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ (မောင်ချစ်လင်း)

No comments:

Post a Comment