Monday, October 27, 2014

ယခုနှစ် ရာသီကုန်အထိ ပါဝင်ကစားတော့မည် မဟုတ်ကြောင်း ရာဖေးလ်နာဒယ်ပြောကြား

Photo: ယခုနှစ် ရာသီကုန်အထိ ပါဝင်ကစားတော့မည်
မဟုတ်ကြောင်း ရာဖေးလ်နာဒယ်ပြောကြား

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်သည် လာမည့်လတွင် ခွဲစိတ်ကုသမှုခံယူရန်ရှိသောကြောင့် ယခုနှစ်ရာသီတွင်  ပါဝင်ကစားတော့ မည်မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ကြောင်း သိရသည်။

ဂရင်းဆလင်းချန်ပီယံ(၁၄)ကြိမ်အထိ  ဆွတ်ခူးရရှိထားသည့် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်သည် လန်ဒန်မြို့တွင် ကျင်းပမည့် အေတီပီတိုးနောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်မည့် နိုဝင်ဘာလအထိ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။

''ကျွန်တော့်အနေနဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်ပြည့်ဝမှု မျိုးမရှိသေးဘူး။ အဲဒါကြောင့် ပါရီမြို့မှာကျင်းပမယ့် ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲ ရော လန်ဒန်မြို့မှာ ကျင်းပမယ့် အေတီပီတိုးပြိုင်ပွဲကိုပါ သွားရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် နိုဝင်ဘာ ၃ ရက်မှာ ခွဲစိတ်ကုသမှုလုပ်ရမှာပါ''ဟု ပြင်သစ်အိုးပင်းတင်းနစ်ဖလား ကိုးကြိမ်မြောက် ဆွတ်ခူးထားနိုင်ခဲ့သည့် ရာဖေးလ်နာဒယ်က ပြောကြားခဲ့သည်။    (ငွေကြယ်)

No comments:

Post a Comment