Tuesday, October 28, 2014

ဘရာဇီးသမ္မတ ဒုတိယအကြိမ် ပြန်လည်အရွေးခံရ

 Photo: ဘရာဇီးသမ္မတ ဒုတိယအကြိမ် ပြန်လည်အရွေးခံရ

ဘရာဇီးလီးယား အောက်တိုဘာ ၂၇

ဘရာဇီးလက်ရှိသမ္မတ ဒီလ်မာ ရိုဆက်သည် သမ္မတရွေးကောက်ပွဲ တွင် မဲအရေအတွက် ၅၁ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရပြီး ပြန်လည်ရွေး ချယ်တင်မြှောက်ခံရသည်။

၎င်း၏ ပြိုင်ဘက် အေစီယိုနီဗက် မှာ ၄၈ ရာခိုင်နှုန်းသာ ရခဲ့သည်။ လက်ရှိသမ္မတတာဝန်ကို ထမ်းဆောင် နေခြင်းထက် သမ္မတကောင်းတစ်ဦး အဖြစ် ဆက်လက်တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရမှု မိန့်ခွန်းပြောကြားစဉ် သမ္မတဒီလ်မာရိုဆက်က ပြောကြား လိုက်သည်။

ရိုဆက်သည် ပြီးခဲ့သည့်နှစ်က အကျင့်ပျက်ခြစားမှု၊ ကမ္ဘာ့ဖလား အသုံးစရိတ်များ အလွန်အကျွံသုံးစွဲ မှုနှင့် ဆင်းရဲသားများ ဝန်ဆောင်မှု လုပ်ငန်းများ ညံ့ဖျင်းမှုတို့ပေါ် ဆန္ဒပြ မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

၂ဝ၁ဝ ပြည့်နှစ်ကတည်းက အာဏာရယူထားခဲ့သော ဒီလ်မာ ရိုဆက်သည် ¤င်း၏အစိုးရထောက်ပံ့ ရေးအစီအစဉ်များကြောင့် ဆင်းရဲ သား ဘရာဇီးပြည်သူများအကြား လူကြိုက်များ ရေပန်းစားလျက်ရှိ သည်။

ဘရာဇီးပြည်သူများအနေဖြင့် ပိုမိုစည်းလုံးညီညွတ်ကြရန် လိုကြောင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရန် ကြိုးစား နေသော သမ္မတရိုဆက်က တိုက်တွန်း လိုက်သည်။

ဒဒသမ္မတဆိုတာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲသူ ဖြစ်ရပါမယ်။ ဒီကိစ္စက ကျွန်မအတွက်တော့ ဦးစားပေး အလုပ်ပါပဲဒဒဟု မြို့တော် ဘရာဇီးလီး ယားရှိ လူထုပရိသတ်အား ပြောကြား လိုက်သည်။ ၎င်းကို ထောက်ခံသူများ အား ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ အထူးသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် သမ္မတဟောင်း လူလာဒါဆေးလ်ဗား တို့အား ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့သည်။ (ဘီဘီစီ)
 
No comments:

Post a Comment