Tuesday, October 28, 2014

ကမ္ဘာအေး လူကူးခုံးကျော်တံတား ၅ဝ ရာခိုင်နှုန်းပြီးစီး ယခုနှစ်ကုန်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဟု ခန့်မှန်း

 Photo: ကမ္ဘာအေး လူကူးခုံးကျော်တံတား ၅ဝ ရာခိုင်နှုန်းပြီးစီး ယခုနှစ်ကုန်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဟု ခန့်မှန်း
============================================

ရန်ကုန်  အောက်တိုဘာ  ၂၇

မြို့တော်ရန်ကုန်တွင် ယခင်က ထက် မော်တော်ယာဉ်များ  ပိုမို များပြားလာသဖြင့်  လမ်းအသုံး ပြုသူပြည်သူများ  ယာဉ် အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား)မှ   လူကူးခုံးကျော်တံတားများ တည်ဆောက်ပေးလျက် ရှိရာ အောက်တိုဘာ ၂၇ ရက်က မရမ်း ကုန်းမြို့နယ်  ကမ္ဘာအေးဘုရား လမ်းရှိ လူကူးခုံးကျော်တံတားမှာ ၅ဝ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း ယင်းလုပ်ငန်းခွင် မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

ကမ္ဘာအေး   ခုံးကျော်တံတား သည်တတိယမြောက် တည်ဆောက် နေသော တံတားဖြစ်ပြီး စက်လှေ ကားနှစ်စင်း၊  ရိုးရိုးလှေကား နှစ်စင်းပါဝင်၍ တံတားအရှည် ၉၅ ပေ၊ အကျယ် ၁ဝပေနှင့် အမြင့် ၁၈ ပေရှိကြောင်း သိရသည်။ 

''ကမ္ဘာအေး   လူကူးခုံးကျော် တံတားကို ဇွန်လမှစပြီး တည် ဆောက်နေတာပါ။ လောလော ဆယ်တော့ ၅ဝ ရာခိုင်နှုန်းပြီးစီးနေ ပါပြီ။ လာမယ့်ဒီဇင်ဘာလကုန်ပိုင်း လောက်ဆိုရင်   လုပ်ငန်းအားလုံး ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်''ဟု လမ်း၊ တံတားဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့၏   ယာဉ်ကြော ကျပ်တည်းမှုကို စိတ်မရှည်သည့် ယာဉ်မောင်းအချို့က ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ချိုးဖောက် ၍  မဆင်မခြင်မောင်းနှင်မှုများ ကြောင့် မကြာခဏယာဉ်တိုက်မှု များ  ဖြစ်ပေါ်လျက်ရှိသည်။ထို့ကြောင့် လမ်းအသုံးပြုသူ  ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက်  လူကူးခုံးကျော်တံတား များကို ယခုနှစ်အတွင်း တည် ဆောက်ပေးလျက်ရှိရာ မင်္ဂလာဒုံ မြို့နယ်၌ အောင်ဆန်းသူရိယ ခုံးကျော်တံတား၊ ကျောက်တံတား မြို့နယ်၌ ပန်းဆိုးတန်းခုံးကျော် တံတားနှင့် မရမ်းကုန်းမြို့နယ်၌ ကမ္ဘာအေး ခုံးကျော်တံတား သုံးစင်းကို့ကို  တည်ဆောက်ပေး လျက်ရှိသည်။အောင်ဆန်း သူရိယ လူကူးခုံးကျော်တံတားမှာ တည်ဆောက်  ပြီးစီးသွားပြီဖြစ်သည်။

ယခုတည်ဆောက်နေသော ကမ္ဘာအေးလူကူးခုံးကျော်တံတားတည်ဆောက်ပြီးပါက ဘုရားဖူး ပြည်သူများ   ယာဉ်အန္တရာယ် ကင်းစွာ သွားလာနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
သတင်း - မောင်သုည
ဓာတ်ပုံ - ထွန်းဝင်း
 
No comments:

Post a Comment