Monday, October 27, 2014

ဗီယက်နမ်အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင် လိမ်လည်မှုဖြင့် ဖမ်းဆီးခြင်းခံရ

Photo: ဗီယက်နမ်အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင် လိမ်လည်မှုဖြင့် ဖမ်းဆီးခြင်းခံရ

ဟနွိုင်း  အောက်တိုဘာ  ၂၆

ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးအား လိမ်လည်မှုပြုသည်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက ပြောသည်။

ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌဟောင်း ဟာဗန်သမ်အား သောကြာနေ့က ဟနွိုင်းမြို့၌  ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
 
ဗီယက်နမ် ဗဟိုဘဏ်ကလည်း မစ္စတာသမ်အား ၎င်း၏ဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။ မစ္စတာသမ်သည် ဟိုတယ်နှင့်  အိမ်ရာစီးပွား ရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများအမြောက်အမြား ပြုလုပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝလျက်ရှိသည်။ ၎င်း၏ ပုဂ္ဂိုလ်ရေးချမ်းသာမှုမှာ ဒေါ်လာဘီလီယံနှင့်ချီလိမ့်မည်ဟု ခန့်မှန်းထားသည်။ မစ္စတာသမ်အား နောက်ထပ်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လေးလကြာ ဖမ်းဆီးထား ဖွယ်ရှိကြောင်း  ဒေသမီဒီယာများက သတင်းဖော်ပြသည်။

မစ္စတာသမ်သည် ဥပဒေချိုးဖောက်မှုများ အကြီးအကျယ် ပြုလုပ်မှုအတွက် တာဝန်ရှိနေကြောင်း၊ သို့သော် အသေးစိတ်ကို မပြောနိုင်သေးကြောင်း  ဗဟိုဘဏ် က ပြောသည်။  

ဗီယက်နမ်  အစိုးရအနေဖြင့် ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှုများ ပပျောက်စေရန် သန္နိဋ္ဌာန် ချထားသည်။ ဇွန်လအတွင်းက ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသားထဲမှ တစ်ဦးဖြစ်သည့် ငုယင်ဒတ်ကင်အား အခွန်တိမ်းရှောင်မှုနှင့် တရားမဝင်ကုန်သွယ်မှုတို့ဖြင့်  ထောင်ဒဏ်အနှစ် ၃ဝ ချမှတ် ခြင်းခံရသည်။    (ဘီဘီစီ)

No comments:

Post a Comment