Wednesday, October 29, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တူရကီနိုင်ငံသို့ သဝဏ်လွှာများပေးပို့



နေပြည်တော် အောက်တိုဘာ ၂၉
 

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင်ကျရောက်သော တူရကီသမ္မတနိုင်ငံတည်ထောင်သည့် (၉၁)နှစ်မြောက်အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ တူရကီ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရီဆက် တေယစ် အာဒိုဂန် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သော တူရကီသမ္မတနိုင်ငံတည်ထောင်သည့် (၉၁)နှစ်မြောက်အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တူရကီ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အာမက် ဒါဘူတိုဂလူး ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

(သတင်းစဉ်)

No comments:

Post a Comment