Monday, October 27, 2014

အာရှတိုက်၌ အီဘိုလာပိုး ကူးစက်ပြန့်ပွားနိုင်မှု ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ သတိပေး




စင်ကာပူ အောက်တိုဘာ ၂၆

 အနောက်အာဖရိကဒေသ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကာလရှည်နေမည်ဆိုပါက အာရှဒေသရှိ မြို့ကြီးတစ်မြို့သို့ ဆိုက်ရောက်လာသူ ခရီးသည်တစ်ဦးနှင့်အတူ ယင်းဗိုင်းရပ်စ်ပိုးသည် အာရှတိုက်၌ ကူးစက်ပျံ့နှံ့လာနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက အောက်တိုဘာ ၂၆ ရက်တွင် သတိပေးပြောကြားကြသည်။

 အာရှဒေသ၌ ပြည်သူသန်းပေါင်းများစွာမှာ ဆင်းရဲမွဲတေစွာ နေထိုင်နေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များမှာလည်း အားနည်းမှုများရှိနေကြောင်း၊အီဘိုလာ ဗိုင်းရပ်စ်ပိုးကိုစတင်တွေ့ရှိသည်နှင့် တစ်ပြိုင်တည်း ကျန်းမာရေးစီမံကိန်းများကို ချက်ချင်းထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ရောဂါပိုးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ အာရှတိုက်ရှိ အီဘိုလာရောဂါပိုး ကူးစက်မှုရှိမည်ဆိုပါက ယင်းရောဂါပိုးကို ထိန်းချုပ်ရန်ခက်ခဲမည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားကြသည်။

 အီဘိုလာရောဂါသည် ကုသရန်ခက်ခဲပြီး သေဆုံးမှုနှုန်း အလွန်မြင့်မားသော ရောဂါတစ်မျိုးဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများမှာပင် ယင်းရောဂါပိုးကို တားဆီးကာကွယ်ရန် မဖြစ်နိုင်ကြောင်း၊ အာရှနိုင်ငံများတွင် ရောဂါတားဆီးကာကွယ်ရေးအစီအမံများကို ချမှတ်လုပ်ကိုင်နေကြပြီး ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေး ထားသော်လည်း အခက်အခဲများစွာရှိနေဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးရှိဗီဒန်ကာမက်ဒီစီတီးဆေးရုံမှ အထူးကုဆရာဝန်ကြီး ယာတင်မီဟာက ပြောကြားသည်။ 

 ရိုက်တာ။

No comments:

Post a Comment