ဘရာဆီးလီးယား အောက်တိုဘာ ၂၆
သန်းပေါင်းများစွာသော ဘရာဇီးနိုင်ငံသားများသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော သမ္မတရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထောက်များက ပြောသည်။
လက်ရှိသမ္မတ ဒီလ်မာရိုဆက်၏ အလုပ်သမားပါတီ (ပီတီ)သည် ဒုတိယအကျော့အဖြစ် အေစီယိုနီဗက်၏ ဘရာဇီးဆိုရှယ်ဒီမိုကရေစီပါတီ (ပီအက်စ်ဒီဘီ)ကို ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပါ သမ္မတလောင်းနှစ်ဦးစလုံးက လက်တင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုထားသည်။
ယင်းသမ္မတရွေးကောက်ပွဲကို ဒေသစံတော်ချိန် နံနက် ၈ နာရီမှ စတင်ခဲ့သည်။ နောက်ဆုံးရွေးကောက် ပွဲရလဒ်အရ သမ္မတရိုဆက်သည် အတိုက်အခံ သမ္မတလောင်းအပေါ် အနည်းငယ် ဦးဆောင်နေသည်။ ယခုကျင်းပသည့် ရွေးကောက်ပွဲသည် ပထမအကျော့ ပြိုင်ပွဲတွင် ရွေးကောက်ပွဲဥပဒေအရ ပြတ်ပြတ်သားသား အနိုင်မရသဖြင့် ဒုတိယအကျော့အဖြစ် ကျင်းပခြင်းဖြစ်သည်။ လက်ရှိသမ္မတရိုဆက်သည် အောက်တိုဘာ ၅ ရက်က ကျင်းပသော ပထမအကျော့ရွေးကောက်ပွဲတွင် မဲပေးသူ ၆ဝ ရာခိုင်နှုန်း၏ ထောက်ခံအားပေးမှု ရရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိသမ္မတ ရိုဆက်သည် ၂ဝ၁ဝ ခုနှစ်က ပထမဆုံးသော ဘရာဇီးအမျိုးသမီးသမ္မတ ဖြစ်လာသည်။ (ဘီဘီစီ)
No comments:
Post a Comment