Sunday, October 26, 2014

ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်မပြု၊ စေလွှတ်သူများကို အရေးယူထား

Photo: ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်မပြု၊ စေလွှတ်သူများကို အရေးယူထား

ရန်ကုန် အောက်တိုဘာ ၂၆

ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင် စင်မရှိဘဲ ဂျော်ဒန်နိုင်ငံသို့ အလုပ် သမားစေလွှတ်ရန်စီစဉ်ဆောင်ရွက်သူ ဒေါ်သင်းသင်းမိုးပါ  သုံးဦးတို့အား အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က မင်္ဂလာဒုံမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၅ ရက်တွင် ဂျော်ဒန်နိုင်ငံသို့ တရားမဝင်စေလွှတ်မည့် မြန်မာအလုပ်သမားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရောက်ရှိနေကြောင်းသတင်းအရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊  လေကြောင်း  ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)တို့ ပူးပေါင်းအဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့သည်။

စိစစ်ချက်များအရ ထိုနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ကာတာလေကြောင်းခရီးစဉ်အမှတ် QR-919 ဖြင့်လိုက်ပါမည့်  မြန်မာအလုပ်သမား ကျားတစ်ဦး၊ မ ၁၇ ဦး တို့အား နဒီရှင်းလဲ့ဝန်ဆောင်မှု အေဂျင်စီမှ ဒေါ်သင်းသင်းမိုး(၄၈)နှစ် ရွှေပြည် သာမြို့နယ်၊ ပွဲစားများဖြစ်သည့် ဒေါ်စန္ဒာ ခိုင်(၂၇)နှစ်   အမရပူရမြို့နယ်နှင့် ကိုအေးထွန်း(၄၅)နှစ် အင်းစိန်မြို့နယ်တို့ သုံးဦးက ဂျော်ဒန်နိုင်ငံရှိ Vega Textile အထည်ချုပ် စက်ရုံတွင် တစ်လလုပ်ခ  စရိတ်ငြိမ်း အမေရိကန် ဒေါ်လာ ၁၅၅ ဒေါ်လာဖြင့် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်မည်ဖြစ်ကြောင်း၊ ပို့ဆောင်ပေးမည့်နဒီရှင်းလဲ့ ဝန်ဆောင်မှုအေဂျင်စီမှ ဒေါ်သင်းသင်းမိုးနှင့် ဂျော်ဒန်နိုင်ငံရှိ Vega Textile အထည် ချုပ်စက်ရုံတို့သည် Online ဖြင့် ဆက်သွယ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံဘက်မှ လေယာဉ်လက်မှတ်နှင့် Work Permit တို့ ပို့ ဆောင်ပေးပြီး လေယာဉ်လက်မှတ်ဖိုးဒေါ်လာ ၈ဝဝ နှင့်ဗီဇာအတွက် ဒေါ်လာ ၅၅ဝ အကုန်အကျခံ ပေးခြင်းဖြစ်ကြောင်း၊ ပွဲစားဒေါ်စန္ဒာခိုင်နှင့် ကိုအေးထွန်းတို့မှာ သွားရောက်လုပ်ကိုင်မည့်သူများကို ဝန်ဆောင်ခ အသီးသီးရယူ၍ စုဆောင်းပြီး ဒေါ်သင်းသင်းမိုးထံ  ပို့ပေးခြင်းဖြစ်ကြောင်း၊ ဒေါ်သင်းသင်းမိုး၏ နဒီရှင်းလဲ့ဝန် ဆောင်မှုအေဂျင်စီမှာ ဝန်ဆောင်မှု အေဂျင်စီသာဖြစ်ပြီး ပြည်ပအလုပ် အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အလုပ်သမားများပို့ဆောင်ရန် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ 

ပူးပေါင်းအဖွဲ့မှ စိစစ်ဆောင်ရွက် နေစဉ်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ဦးထင်အောင်နှင့် ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်တို့ ရောက်ရှိလာပြီး မြန်မာအလုပ်သမား ၁၈ ဦးအား တွေ့ဆုံ၍ ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိ မရှိသဖြင့် Work Permit အရ အလုပ်သမားများသည် သုံးနှစ်ပြည့်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်ရာ ယခုကဲ့သို့ သွားရောက်ပါက ကာလရှည်အတွင်း ဂျော်ဒန်နိုင်ငံ၌ အလုပ်ရှင် အလုပ်သမားပြဿနာများ၊ နေထိုင်မှု အခက်အခဲများ၊ လုပ်ခလစာပြဿနာများ ကြုံတွေ့နိုင်ပြီး အလုပ်သမားများ၏ ဘဝလုံခြုံစိတ်ချရမှုမရှိခြင်းတို့ ကြောင့် မြန်မာအလုပ်သမားများကို သွားရောက်ရန် ခွင့်မပြုရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားအဖြစ် သွားရောက် ခွင့်ရှိ၍   မိဘ/အုပ်ထိန်းသူများ၏သဘောဆန္ဒအလျောက် အလုပ်အကိုင် ရရှိရန် ဝန်ဆောင်ခပေးရန် မလိုဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လတ်တလော မြန်မာပြည်ပအလုပ်အကိုင်  ဝန်ဆောင်မှုလုပ်ငန်းရှင်များရုံး၌ ထိုင်းနိုင်ငံသို့ interview လုပ်ကိုင်နိုင်ရေး ခေတ္တတည်းခိုနေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊   နိုင်ငံကူးလက်မှတ်များကိုလည်း ထိုင်းနိုင်ငံသို့  တရားဝင်သွားရောက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ မင်းနိုင်(လူကုန်တား)

No comments:

Post a Comment