Tuesday, October 28, 2014

နောင်ချိုမြို့နယ်၌ ဘိန်းဖြူ ၃၆ ဂရမ် ဖမ်းဆီးရမိ

 Photo: နောင်ချိုမြို့နယ်၌ ဘိန်းဖြူ ၃၆ ဂရမ် ဖမ်းဆီးရမိ
============================

နေပြည်တော်  အောက်တိုဘာ ၂၇

အောက်တိုဘာ   ၂၅ ရက်က မူးယစ်တပ်ဖွဲ့စု(၂၄)မှ လားရှိုးမှတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲ-နောင်ချို   ပြည်ထောင်စု လမ်းမပေါ် နောင်ပစ်လမ်းခွဲအနီးတွင် သီပေါမြို့မှ နောင်ချိုဘက်သို့ စံမောင် မောင်းနှင်ပြီး အိုက်ပွဲလိုက်ပါလာသည့် ဆိုင်ကယ်ကိုရှာဖွေရာ     စံမောင် ဝတ်ဆင်ထားသည့်    အနွေးထည် အိတ်ကပ်အတွင်းမှ ဘိန်းဖြူ ၁၂ ဂရမ် ခန့်စီပါ ဆပ်ပြာခွက် သုံးခွက်၊ အလေး ချိန် ၃၆ ဂရမ်   သိမ်းဆည်းရမိသဖြင့် စံမောင်(၄ဝ နှစ်)နှင့် အိုက်ပွဲ(၃၇ နှစ်) တို့နှစ်ဦးအပေါ်   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။     (သတင်းစဉ်)
 
Like

No comments:

Post a Comment