Tuesday, October 28, 2014

ပင်လောင်းမြို့နယ်၌ ဘိန်းစိမ်း ၈၀၀ ဂရမ်ဖမ်းဆီးရမိ



နေပြည်တော် အောက်တိုဘာ ၂၇

 အောက်တိုဘာ ၂၅ ရက်က မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု ပိန္နဲကုန်း ကျေးရွာနေ ခွန်အောင်သန်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၈ဝဝ ဂရမ်သိမ်းဆည်းရမိသဖြင့် ခွန်အောင် သန်း(၃၅ နှစ်)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment