Tuesday, October 28, 2014

ပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စွမ်းရည်ပြည့်ဝသော ဆရာဝန်များ မွေးထုတ်ရန်လို

 Photo: ပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စွမ်းရည်ပြည့်ဝသော ဆရာဝန်များ မွေးထုတ်ရန်လို
=======================================

နေပြည်တော်    အောက်တိုဘာ      ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆေးသိပံ္ပပညာဦးစီးဌာန ဆေးပညာသင်ကြားရေးယူနစ်သို့ သွားရောက်စစ် ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအား ပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာဝန်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ဘွဲ့လွန် ဆရာဝန်များ၏ အရည်အသွေးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ အရေအတွက်လည်း တိုးမြှင့်မွေးထုတ်ပေး ရမှာဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်အား ခေတ်မီထိပ်တန်းဆေး တက္ကသိုလ်ဖြစ်စေရေးအတွက် လိုအပ်သော လူ၊ ပစ္စည်း၊ အဆောက်အအုံရန်ပုံ ငွေများရရှိရန်နှင့် အလုပ်သင်ဆရာဝန်များ၊ ဆေးကျောင်းသားများအတွက် ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊                    လူနာများအား ခွဲစိတ်ကုသရာတွင်လည်း ခေတ်မီနည်းစနစ် များအသုံးပြုနိုင်ရေးအတွက် ပညာရှင်များက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊Telemedicine   စနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးပညာသင်ကြားရေးတွင် Video Conferencing  စနစ်အသုံးပြုနိုင်ရေး ယခုလက်ရှိအသုံးပြု နေသော စာကြည့်တိုက်နှင့် ကျန်းမာရေးပညာပေးရိုက်ကူး ရေးခန်းမ အဆင့်မြှင့်တင်ရေးတို့အတွက် လိုအပ်သည်များကို လည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဆေးရုံသစ်ဆောက်လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေနေရာ သို့ရောက်ရှိပြီး ဂျပန်အစိုးရ၏အကူအညီဖြင့် ဆေးရုံဆောက် လုပ်ပေးမည်ဟုသိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါ ကြောင်း၊  နိုင်ငံတကာအဆင့်မီ အထပ်မြင့်အထူးကုဆေးရုံ ပုံစံဆောက်လုပ်ပေးစေလိုကြောင်း၊ ခုတင် (၃ဝဝ) ဆံ့ဆေးရုံ ဆောက်လုပ်မည်ဖြစ်သဖြင့်   ယခုလက်ရှိမြေနေရာ၏ထက်ဝက်ကိုသာ အသုံးပြုစေလိုကြောင်း ဆေးရုံဆောက်လုပ် မည့် ဒီဇိုင်းပုံစံနှင့် အစီအစဉ်များ အမြန်ဆုံးတင်ပြပေးစေ လိုကြောင်း၊ ကျန်မြေနေရာတွင် ခုတင် (၅ဝဝ) အထူးကု ဆေးရုံကြီး၏ တိုးချဲ့အဆောက်အအုံများအဖြစ်National Cardiac Center  နှင့်National Cancer Center ကဲ့သို့သော ခေတ်မီအဆင့်မြင့်ကုသရေးဌာနများ ဆောက် လုပ်ရန်  ကျန်းမာရေးဝန်ကြီးဌာနမှ  စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။   

       (ကြေးမုံ)
 
No comments:

Post a Comment