ရန်ကုန် အောက်တိုဘာ ၂၆
မြန်မာနိုင်ငံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် ပွင့်လင်းရာသီရောက်သည်
နှင့်တစ်ပြိုင်နက် ခရီးသွားဝန်ဆောင်မှု လိုအပ်ချက်နှင့်အညီ လေကြောင်းခရီးစဉ်
သစ်များကို
တိုးချဲ့ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၆ရက် တွင်လည်း
စင်ကာပူ-ရန်ကုန်-စင်ကာပူလေကြောင်းလိုင်းသစ်တစ်ခုကို
စတင်ပျံသန်းပြေးဆွဲပေးပြီဖြစ်ကြောင်း သိရသည်။
ယနေ့စတင်
ပျံသန်းပြေးဆွဲပေးသည့် စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းသည်
ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့်
ရွှေမြန်မာလေကြောင်းလိုင်းနှင့်စင်ကာအပူအခြေစိုက် Tigerair လေကြောင်းလိုင်း
ပူးပေါင်းပြီး Coad Share စနစ်ဖြင့် ပြည်တွင်း။ပြည်ပ
လေကြောင်းခရီးသွားများကို အကျိုးတူးပူးပေါင်း
ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ ပြည်တွင်း ရွှေမြန်မာလေကြောင်းလိုင်းသည်
ခရီးသွားဝန်ဆောင်မှုအပိုင်းတွင် နာမည်ကြီး ပြည်ပလေကြောင်းလိုင်းဖြစ်သည့်
စင်ကာပူနိုင်ငံ H Tigerair
လေကြောင်းလိုင်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည်
လေကြောင်းစတင်တည်ထောင်ပြီး တစ်နှစ်ကျော်ကာလတွင်
ပထမဦးဆုံးခြေလှမ်းသစ်တစ်ခုအနေဖြင့် တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်သည်။ ''မြန်မာနိုင်ငံလေကြောင်းခရီးသွားဝန်ဆောင်မှုဟာ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ
သိသိသာသာပြောင်းလဲတိုးတက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်
စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းကို မြန်မာနိုင်ငံ
ပြည်တွင်းလေကြောင်းတစ်ခုဖြစ်တဲ့ ရွှေမြန်မာလေကြောင်းလိုင်းနဲ့အခုလို
ပူးပေါင်းပျံသန်းပြေးဆွဲဖို့ လုပ်ဆောင်ခဲ့တာပါ။ပျံသန်းပေးတဲ့အခါမှာလည်း
စင်ကာပူနိုင်ငံကလာတဲ့အခါ လေယာဉ်အမှတ်-၂၂၈နဲ့ပျံသန်းပြီးတော့ ရန်ကုန်ကနေ
စင်ကာပူကိုပျံသန်းတဲ့အခါ လေယာဉ်အမှတ်-၂၂၃၃ နဲ့ပျံသန်းပေးမှာ ဖြစ်ပါတယ်။
ဒီလေကြောင်းလိုင်းကို လေကြောင်းခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ အဓိကထား
ပူးပေါင်းလုပ်ဆောင်မှာမို့ ဝန်ဆောင်မှုအပိုင်းကို အခြားလေကြောင်း
လိုင်းတွေနဲ့မတူအောင် အထူးဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်'' ဟု
စင်ကာပူနိုင်ငံ Tigerair လေကြောင်းလိုင်းမှ Mr Robert Yang က ပြောကြားသည်။
စင်ကာပူနိုင်ငံအခြေစိုက် Tigerair လေကြောင်းလိုင်းသည် ၂ဝဝ၎
ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အာရှနိုင်ငံများနှင့် သြစတြေးလျနိုင်ငံအပါအဝင်
နိုင်ငံပေါင်း၁၄နိုင်ငံအတွင်းရှိ မြို့ပေါင်း ၅ဝ ကျော်ကို
ပျံသန်းဝန်ဆောင်မှု ပေးနေသောနာမည်ကြီး လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ အဆိုပါ
Tigerair လေကြောင်းလိုင်းသည် ၂ဝဝ၆ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များတွင်
CAPA) Center for Asia Pacific Aviation ကချီးမြှင့်သည့်
ခရီးသွားဝန်ဆောင်မှု ဆုတံဆိပ်ဖြစ်သည့် Lowcost Air Award ဆုကို
နှစ်ကြိမ်ရရှိထားသည့် လေကြောင်းလိုင်းတစ်လိုင်းလည်း ဖြစ်သည်။
''ကျွန်တော်တို့ရွှေမြန်မာလေကြောင်းလိုင်းအနေနဲ့ပြည်ပလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့
Tigerair လေကြောင်းလိုင်းနဲ့ အခုလိုပူးပေါင်းလုပ်ဆောင်တာဟာ ‘ဒါပထမဦးဆုံး
ခြေလှမ်းသစ်ပါပဲ။ ‘ဒီစင်ကာပူနိုင်ငံTigerair လေကြောင်းလိုင်းဟာ
ဆယ်စုနှစ်ကာလအတွင်းကို ရောက်ရှိပြီဖြစ်တဲ့အတွက်
သူတို့နဲ့အခုလိုပူးပေါင်းဆောင်ရွက်ရတာ ကျွန်တော်တို့အတွက် အတွေ့အကြုံ
ကောင်းတွေ၊ နည်းပညာသစ်တွေရရှိမှာပါ။သူတို့နဲ့ အခုလို CoadShare စနစ်ဖြင့်
လုပ်ဆောင်တယ်ဆိုတာကတော့ သူတို့လေကြောင်းလိုင်းက ဒီစင်ကာပူ- ရန်ကုန်-
စင်ကာပူလေကြောင်းလိုင်းမှာ ပျံသန်းပြေးဆွဲတဲ့အခါ သူတို့အဲလိုင်းက
လေယာဉ်စိုက်ပျံသန်းပေးမယ်။ ကျွန်တော်တို့ဘက်က Marketing ပိုင်းကို
ဝန်ဆောင်မှုပေးမယ်။ပြောရရင် ခရီးသည်တစ်ဝက်ကို သူတို့ဘက်က
စင်ကာပူဈေးနှုန်းနဲ့ ကောက်ခံပြီးတော့ ကျန်တဲ့ခရီးသည်တစ်ဝက်ကိုတော့
ကျွန်တော်တို့က မြန်မာဈေးနှုန်းနဲ့ကောက်ခံသွားမှာဖြစ်ပါတယ်'' ဟု
ပြည်တွင်းရွှေမြန်မာလေကြောင်းလိုင်းမှ ဦးခင်မောင်မြင့် (Chief Operation
Officer) က မြန်မာ့အလင်းသို့ ရှင်းပြသည်။
စင်ကာပူ- ရန်ကုန်-
စင်ကာပူ ပြေးဆွဲပေးမည့် လေယာဉ်သည် ခရီးသည် ၉ဝ ဆံ့ Airbus A320
လေယာဉ်အမျိုးအစားဖြစ်ပြီး ၄င်းခရီးစဉ်ကို
နေ့စဉ်ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။အဆိုပါခရီးစဉ်ကို စင်ကာပူနိုင်ငံမှ
ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ထွက်ခွာပျံသန်းမည်ဖြစ်ပြီး
ရန်ကုန်မြို့သို့ နံနက် ၈နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ
တစ်ဖန်ရန်ကုန်မှ စင်ကာပူနိုင်ငံသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်
ပြန်လည်ထွက်ခွာပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။
(မြန်မာ့အလင်း)
No comments:
Post a Comment