ဖျာပုံမြို့သောက်သုံးရေ မြေသားမိုးရေလှောင်ကန်ကို ချုံနွယ်များရှင်းလင်းပေးရန်လိုအပ်
ဖျာပုံ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ရှိပြည်သူများသည်
သောက်သုံးရေသုံးစွဲမှုအတွက် ခေတ်အဆက်ဆက်
မြေသားမိုးရေလှောင်ကန်များကိုသာအဓိကအားထား သုံးစွဲနေရပြီး
ရေချိုတူးဖော်ရယူနိုင်ခြင်း မရှိသေးသည်မှာလည်း
ယနေ့အချိန်အထိပင်ဖြစ်သည်။ထိုကဲ့သို့ အားထားနေရသော မိုးရေလှောင်ကန်များတွင်
ဖျာပုံမြို့ (၈)ရပ်ကွက် (၈)လမ်း သောက်သုံးရေကန်သည်လည်း
တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအခါ ထိုရေကန်ပေါင်ပတ်လည်တွင် ချုံများတည်
ရှိနေသည့်အပြင် ရေကန်အတွင်း မြက်များပေါက်ရောက်နေသည်ကိုလည်း တွေ့ရှိနေရသည်။
'' ကျွန်တော်တို့ (၈)ရပ်ကွက်က ဒီ မြေသားမိုးရေလှောင်ကန်တွေကို
အားထားသုံးစွဲနေရတာပါ။ကန်အတွင်း မြက်တွေပေါက်တော့ မိုးရေလှောင်မှုပမာဏလည်း
နည်းသွားတာပေါ့။ ဒါ့အပြင် ကန်ဘေးပတ်လည်ရှိမှာရှိတဲ့ ရေနုတ်မြောင်းတွေကလည်း
တဖြည်းဖြည်း တိမ်ကောလာပြီး ရေစီးရေလာမကောင်းတော့ ချုံတွေကို
အမြန်ဆုံးရှင်းလင်းပေးဖို့ လိုအပ်နေပါတယ်'' ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက
ပြောသည်။
ထိုကဲ့သို့ အသုံးပြုနေရာတွင် ဖျာပုံမြို့တောင်ပိုင်း
ကန်တော်ကြီးမိုး ရေလှောင်ကန်နှင့်မြောက်ပိုင်း ချောင်းတွင်း
မိုးရေလှောင်ကန်တို့မှမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရေတွန်းစက်များဖြင့်
ရပ်ကွက်နေ ပြည်သူများကို ရေမီတာတပ်ဆင်စေ၍ ရေပို့လွှတ်
သုံးစွဲနေပြီဖြစ်သော်လည်း ရေလိုအပ်ချက်များကြောင့် မြို့ပေါ်ရပ်ကွက်
အသီးသီးရှိရေကန်များကိုလည်း ပြည်သူများအားထား၍ သောက်သုံးရေအဖြစ်
သုံးစွဲနေရသဖြင့် ယခု(၈)ရပ်ကွက် (၈)လမ်း မြေသားမိုးရေလှောင်ကန်ကို
ရေသိုလှောင်မှုပမာဏပိုမိုစေရန်နှင့်ရေကောင်းရေသန့် ရရှိစေရန်အတွက်
ချုံနွယ်များနှင့် မြက်ပင်များကို မြို့ နယ်စည်ပင်သာယာရေးအဖွဲ့နှင့်
တာဝန်ရှိ ဌာနဆိုင်ရာများက ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်၍
ရှင်းလင်းပေးရန်လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
(ဝ၇၁)
No comments:
Post a Comment