နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်
ဦးဆောင်သော ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ခရာ့ရှ်ယန် စမစ်ခ်ျ၊ ကနေဒါနိုင်ငံ
သံအမတ်ကြီး မစ္စ ကယ်ရင် အန်နီတာမက် အာသာ တို့ပါဝင်သည့်အဖွဲ့အား
ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံ
သည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သှူဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရန် ဆောင်ရွက်နေမှု၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းပြုစုနေမှု၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များ ပြင်ဆင်နိုင်ရေးဆောင်ရွက်နေမှု၊ လူမှုကွန်ရက် (Facebook)အသုံးပြု၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ ရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အတွက် ဆောင်ရွက်နေမှု၊ ပြည်တွင်းနှင့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖိတ်ကြားဆောင်ရွက်သွားမည့် အခြေအနေနှင့် ရွေးကောက်ပွဲဖြစ်စဉ်များတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment