Tuesday, June 11, 2019

အာဟာရချို့ တဲ့သော ကင်ညာကလေး ၅၀ဝ၀ဝ အား ကုသပေးရန် ကန်ဒေါ်လာ ၆ သန်း အမေရိကန် ပံ့ပိုးပေးမည်
Image may contain: 3 people, people standing
နိုင်ရိုဘီ ဇွန် ၁၀
အမေရိကန်ပြည်ထောင်စုသည် အာဟာရချို့တဲ့သော ကင်ညာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေး ၅၀ဝ၀ဝ ခန့်အား ကုသပေးရန်အတွက် ကုလသမဂ္ဂအေဂျင်စီများမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ပံ့ပိုးပေး မည်ဖြစ်ကြောင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ(USAID) က ပြောကြားသည်။
ကုလသမဂ္ဂအေဂျင်စီများဖြစ်သည့် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့သည် ကင်ညာကလေးငယ် များတွင် ဖြစ်ပွားနေသော အာဟာရချို့တဲ့မှုများအား ကုသပေးရန်အတွက် လာမည့်လများတွင် အမေရိကန် ဒေါ်လာသုံးသန်းစီ လက်ခံရရှိမည်ဖြစ်ကြောင်း၊ ယင်း ထောက်ပံ့ငွေများဖြင့် ကင်ညာနိုင်ငံတွင် ထုတ်လုပ်သည့် အထူးထုတ်ကုန်များကို ဝယ်ယူပြီး အာဟာရချို့တဲ့ သောကင်ညာကလေးသူငယ်များကို ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီက ပြောကြားသည်။
ထို့အပြင် အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီ၏ လုပ်ဖော် ကိုင်ဖက်များသည် အာဟာရချို့တဲ့မှုဒဏ်ခံရသူများ၏ သက်မွေးမှုကို ကာကွယ်ပေးရန်အတွက် အစားအစာ၊ ငွေကြေးထောက်ပံ့မှု၊ သောက်သုံးရေ၊ မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မွေးမြူရေးဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးပေးရန် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကင်ညာနိုင်ငံအတွင်း ပျမ်းမျှမိုးရေချိန် နှစ်နှစ် ဆက်တိုက် နိမ့်ကျလာခဲ့ပြီးနောက် မိုးနည်းရေရှားဒေသ ၂၃ ခု အနက် ၂၁ ခုရှိ အိမ်ထောင်စုများသည် ပိုမိုဆိုးရွား လာသောအခြေအနေနှင့်ကြုံတွေ့ခဲ့ရသလို အစားအစာ ရရှိမှုလျော့နည်းလာခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ကင်ညာပြည်သူ ၁ ဒသမ ၆ သန်းခန့်သည် ယခု ဇွန်လအတွင်း အစားအစာအကူအညီ အရေးပေါ် လိုအပ်လျက်ရှိကြောင်း အမျိုးသားမိုးခေါင်မှုစီမံခန့်ခွဲရေး အာဏာပိုင်နှင့် ကင်ညာအစားအစာဖူလုံမှုပဲ့ကိုင်အဖွဲ့က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ဂျေတီ
Comments
Write a comment...

No comments:

Post a Comment