Friday, June 14, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကိုရီးယားသမ္မတနိုင်ငံ ဆက်သွယ်ရေး ဒုတိယဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Star Times Group ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး
Image may contain: 3 people, people smiling, people sitting, table and indoor
ဆီရမ်ရိ (ပ်) ၁၃ ဇွန်
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ (ပ်) မြို့ Sokha Siem Reap Resort ၌ (၁၆) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံသို့ တက်ရောက်လျက်ရှိသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆက်သွယ်ရေးကော်မရှင် (KCC) ဒုတိယဝန်ကြီး Mr. Ko Sam-Seog အား တည်းခိုရာ Sokha Siem Reap Resort ရှိ Bokor ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့အကြား ရုပ်/သံ ထုတ်လွှင့်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နည်းပညာနှင့် သတင်းအချက် အလက်များ အပြန်အလှန်ဖလှယ် ဆောင်ရွက်နိုင်မည့် အခြေအနေုများနှင့် ဒီဂျစ်တယ်ခေတ်တွင် မီဒီယာမူဝါဒချမှတ်ရေးနှင့် စပ်လျဉ်းသည့် ဦးတည်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
လက်ခံတွေ့ဆုံ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Star Times Group မန်နေဂျင်းဒါရိုက်တာ Mr.Gu Xun နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး နိုင်ငံတကာနှင့် ပူးပေါင်း၍ Star Times Group ၏ ရုပ်/သံလွှင့်နည်းပညာသစ်များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment