Friday, June 14, 2019


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥရောပသမဂ္ဂ၏လှူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
Image may contain: 1 person, standing
နေပြည်တော် ဇွန် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဥရောပသမဂ္ဂ၏ လှူအခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီး ဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ဆွေးနွေထိုသို့တွေ့ဆုံစဉ် ကလေးသူငယ် များနှင့် လက်နက်ကိုင်ပဋိပက္ခများ နှင့်စပ်လျဉ်း၍ ဆိုးရွားသောကျူးလွန် မှု ခြောက်မျိုးကို ကာကွယ်ရန် အမျိုး သားကော်မတီ ဖွဲ့စည်းဆောင်ရွက် နေမှု၊ ပဋိပက္ခအတွင်း အမျိုးသမီး များအား အကြမ်းဖက်မှုဆိုင်ရာပူးတွဲ ကြေညာချက် (Joint Communique) အား အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် UEHRD အပါအဝင် သက်ဆိုင်ရာကော်မတီ အသီးသီးနှင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ ညှိနှိုင်းဆောင်ရွက် နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ရောက်ရှိနေသော နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေ အနေများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံ များမှ ပါဝင်ဆောင်ရွက်မည့် အနေ အထားနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု ပြီးစီးတော့မည့် အခြေအနေများ၊ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီးနောက် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)နှင့် ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment