ဆူးငှက်
မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန် သက်သက်ကတစ်ဆင့် အမြော်အမြင်
ကြီးစွာ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊
ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာ
အမျိုးသား တက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ ရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်
တက္ကသိုလ်ကျောင်းသားတွေစတင်ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်း ဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေးမြို့မိမြို့ဖများ အားထုတ်မှုနဲ့
မန္တလေးဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။
ပထမကျောင်းသားသပိတ်
၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊
အမျိုးသားကောလိပ်နဲ့ အမျိုးသားပညာရေး တောင်းဆိုမှုတွေနဲ့အတူ အထက်ဗမာပြည် မန္တလေးမြို့မှာ လည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့
မန္တလေးမှာ ရှိကြတဲ့ ဗဟိုစည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခို
နှင့် ရသေ့ကြီးဦးခ္တီတို့ ဦးဆောင်ပြီး မ္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ အကယ်၍
အင်္ဂလိပ်အစိုးရက
မလိုက်လျောရင် မန္တလေးမြို့လူထုအနေနဲ့ ကိုယ့်အလှူငွေ နဲ့ကိုယ်၊ ကိုယ့်မြို့မှာ
ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင်ဖွင့် ကြမယ်လို့ တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာမှာ
လည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆို ကြတယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို
ပြင်ဆင်ဖို့ ဥပဒေအကြမ်းတင်ခဲ့တယ်။
အထက်ဗမာပြည်အတွက် ဥပစာကောလိပ်
ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။
ဒါ့အပြင်
၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်း
နိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင်
ဗောဓိကုန်း
ရပ်ကွက်မှာရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ် တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင်
၄ ရက်နေ့မှာ စတင်ဖွင့်
လှစ်ခဲ့ပါတယ်။ အခု မန္တလေးတက္ကသိုလ်ဝင်းထဲ အဝင်၀မုခ်ဦးအကျော်လမ်းအရှေ့ဘက်အုတ်တိုက်နီလေးပါ။
တက္ကသိုလ်သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ နေရာလေးပါပဲ။ တန်ဖိုးထားတတ် မယ်ဆိုရင်
ဒီ အဆောက်အအုံလေးကို ပြတိုက်အဖြစ် ထိန်းသိမ်းထားရမှာပါ။ အခုတော့ ဥပေက္ခာပြုထားကြ လို့
မကြာခင် ပျက်စီးတော့မယ်။ လက်ရှိမြင်နေရတဲ့ မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံကြီးက တော့ ၁၉၂၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ်
ဖွင့်လှစ်ခဲ့တာပါ။
မန္တလေးဥပစာကောလိပ် ပိတ်ပင်ရေး အစီအစဉ်
မန္တလေးဥပစာကောလိပ် စဖွင့်တော့ ကျောင်းသူ နှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိ
တယ်။ ဖွင့်လို့တစ်နှစ်အကြာ ၁၉၂၆ ခုနှစ် ဩဂုတ်လ ရောက်တော့ ဥပဒေပြုကောင်စီမှာ ရွှေတောင်ကြား
ပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသား
နည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့်
မအောင်
မြင်ခဲ့ဘူး။ မန္တလေးဥပစာကောလိပ် ပိတ်ပင်ရေးအစီအစဉ်ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့
နောက်
မဆုတ်ဘူး။ ၁၉၃၀ ပြည့်နှစ်ရောက်တော့ မန္တလေးဥပစာ ကောလိပ်ပိတ်ရေး အစီအစဉ်နဲ့
ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေကလည်း
ကန့်ကွက်ကြတယ်။ အိမ်တော်ရာ၁၄ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျို သမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်
သပိတ်မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာ
ကောလိပ်ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ
အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက် နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီး ဖြစ် ပွားတော့ ဖွင့်လှစ်ဆဲ မန္တလေးဥပစာကောလိပ်ကို
ဥပစာ
ကောလိပ်ရဲ့ကျောင်းသားဟောင်း တစ်ယောက်ဖြစ်ခဲ့ ပြီး လက်ရှိ
ဥပစာကောလိပ်ဓာတုဗေဒ ဆရာဖြစ်သူ ဦးကိုလေး
(ဇေယျာမောင်) က စောင့်ရှောက်ရတယ်။ မ္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။
မန္တလေးဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့
စစ်ကြီးပြီးတော့ မန္တလေးဥပစာကောလိပ်ပြန်
ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည်ဦးဆောင် ဆောင်ရွက် ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်
မသိဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်တဲ့ ဖဆပလအစိုးရဖွဲ့တော့ ဝန်ကြီး ဦးရာဇတ်
ရန်ကုန်ရောက်စဉ် မန္တလေး ဥပစာကောလိပ် ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစား ကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခု မေလ ၂၉ ရက် နေ့မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို
ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး မန္တလေးဥပစာ
ကောလိပ်ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်ပါတယ်။
စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်း ဆောင်တွေ ပြန်လည်ရရှိဖို့ အခက်အခဲအမျိုးမျိုးကို
ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော်
ဖြတ်ပြီး ၁၉၄၈ခု ဇွန်လရောက်မှ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။
မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်
စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မ အဆောင်ကြီးကိုလည်း မန္တလေးယူနီဗာစီတီကောလိပ်
ပင်မစာသင်ဆောင်ကြီးအဖြစ် ခမ်းနားစွာဖွင့်လှစ်နိုင်
ခဲ့ပါတယ်။ ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး
ဆရာကြီး ဦးရာဇတ် နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ ကျေးဇူး
ကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်
ဖွင့်လှစ်နိုင်ခဲ့တာပါ။ မန္တလေးယူနီဗာစီတီကောလိပ် ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့
ဆရာကြီး ဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကပဲ မသမာသူတို့
လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။
မန္တလေးတက္ကသိုလ်
မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် မြို့မိမြို့ဖတွေ
ဆက်လက် အား
ထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ်အဖြစ်
သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေကြောင့် ၁၉၆၄
ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့
မန္တလေး တက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။ မန္တလေး
တက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ဝံသာနုစိတ်နဲ့
ဇာတိမာန်သက်သက်က တစ်ဆင့် အမြော်အမြင်ကြီးစွာ
ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊
ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသား
တက္ကသိုလ်ကြီးဖြစ်ပါတယ်။
ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း
အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို
မကျေနပ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ
စတင်ခဲ့တဲ့
သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်း ဖြစ်ပါတယ်။ မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ်
ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ်ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေးသမားတွေ၊
ကဗျာ
ဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊
ဌာနဆိုင်ရာ
ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမား
ပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။
လာမယ့် ခြောက်နှစ်အကြာ ၂၀၂၅ ခုနှစ်ဆိုရင်
၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာကောလိပ်
ဟာ ဒီနှစ် ၂၀၁၉မှာ ၉၄ နှစ် တင်းတင်းပြည့်ခြင်းနှင့်အတူ ၁၉၄၈ခုနှစ်မှာ အခက်အခဲအမျိုးမျိုးကြားက
မ္တလေး
ဥပစာကောလိပ်ကနေ အဆင့်မြှင့်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကလည်း ဒီနှစ် ၂၀၁၉ ခုနှစ် ဇွန်လမှာ ၇၁နှစ်ပြည့်ပါပြီ။
တစ်ခါ ၁၉၅၈ ခုနှစ်မှာ မန္တလေး ယူနီဗာစီတီကောလိပ်မှသည် မန္တလေး
တက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်နိုင်တာကြောင့်လည်း ဒီနှစ်၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့က ၆၁နှစ်ပြည့်ပါပြီ။ လာမယ့် ခြောက်နှစ် အကြာ ၂၀၂၅
ခုနှစ်ဆိုရင် မန္တလေးဥပစာကောလိပ် အနှစ်၁၀၀တင်းတင်း ပြည့်တော့မယ်။ ဒီအတွက် ဘာတွေပြင်ဆင်နေကြပြီလဲ။
တကယ်တော့ ခြောက်နှစ်ဆိုတဲ့ ကာလဆိုတာ ဘာမှကြာတာမဟုတ်၊
ရှေ့လက်တစ်ကမ်းအကွာ နီးနီးလေး။


No comments:
Post a Comment