Monday, June 10, 2019

ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆၀ နှင့်ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိ



Image may contain: 4 people, people standing, people sitting and food
နေပြည်တော်    ဇွန်   
မြန်မာကျပ်ကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက် ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲ တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပပြီး  ကျောက်မျက်အတွဲ ၂၆၀ နှင့် ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့ပြပွဲတွင် ရတနာကုန်သည်များသည် နံနက်ပိုင်းမှစ၍ မဏိရတနာကျောက်စိမ်းခန်းမနှင့် ခန်းမဝင်းအတွင်း နယ်မြေခွဲ၍  ခင်းကျင်းပြသထား သည့်   ကျောက်မျက်အတွဲများနှင့်  ကျောက်စိမ်း အတွဲများအား    မိမိတို့စိတ်ကြိုက်   လွတ်လပ်စွာ လှည့်လည်ကြည့်ရှု        ရွေးချယ်မှတ်သားကြပြီး ကျောက်မျက်နှင့်     ကျောက်စိမ်းတွဲများအတွက်ဈေးနှုန်းအဆိုပြုလွှာများကို သတ်မှတ်ထားသည့်တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
ယခုကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆၀ ကို ဇွန် ၁၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ်(၁)မှ အတွဲအမှတ် (၁၀၅၀)အထိ  ၁၀၅၀ တွဲကို ဇွန် ၁၁ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ်(၁၀၅၁)မှ အတွဲအမှတ် (၂၁၀၀)အထိ  ၁၀၅၀ တွဲကို  ဇွန် ၁၂ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၂၁၀၁)မှ အတွဲအမှတ် (၃၁၀၈)အထိ  ၁၀၀၈ တွဲကို ဇွန် ၁၃ ရက် တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကျပ်ကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်းမှ ကုန်သည် ငယ်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေရရှိရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
သတင်း - မော်စီ၊ ဓာတ်ပုံ-ထိန်နန်နော်

No comments:

Post a Comment