နေပြည်တော် ဇွန် ၁၆
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာနိုင်ငံ၌ အလုပ်သဘောခရီး ရောက်ရှိ
နေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
ပေါလစ်ဗျူရို ကော်မတီအဖွဲ့ဝင်Mr. Vuong Dinh Hue ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။
ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ညစာစားပွဲ အခမ်းအနားကျင်းပမည့် ရွှေစံအိမ်ဟိုတယ်သို့ ရောက်ရှိ လာကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ညစာစားပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ ညစာကိုအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးသာဦး၊ ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:
Post a Comment