
အစိုးရအစုအဖွဲ့ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ
(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် များ၏ အလွတ်သဘောအစည်းအဝေးကို ဇွန် ၁၃ ရက်နှင့်
၁၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
UPDJC အတွင်းရေးမှူးများစုံညီအစည်းအဝေးကို
တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစ၍ ယနေ့
အချိန်အထိ တစ်နှစ်နီးပါးကြာသည့်တိုင်အောင်
ကျင်းပနိုင်ခြင်းမရှိဘဲ ယခုကဲ့ သို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေးများ
ကို ပြန်လည်ကျင်းပနိုင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အောင်မြင်ချောမွေ့စွာဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများကို
နိုင်ငံရေးစားပွဲဝိုင်းများတွင် စဉ်ဆက် မပြတ် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လုပ်ငန်းစဉ်များအသက်ဝင်၍ ရည်မှန်းထားသည့်ပန်းတိုင်သို့
တူရူတက်လှမ်းနိုင်မည်ဖြစ်ပါသည်။ တရားဝင် ဆွေးနွေးပွဲများကျင်းပ၍ ပြောဆိုဆွေးနွေးနိုင်သည့်
အခွင့်အရေးများရှိပါလျက် နိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့ တက်မလာဘဲ
ပြင်ပမှ ပြောဆိုနေခြင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မည်သို့မျှရောက်ရှိလာနိုင်မည်မဟုတ်ပါ။
ယခုအစည်းအဝေးသည် အလွတ်သဘောအစည်းအဝေးသာဖြစ်ပြီး
တရားဝင်အစည်းအဝေးများ ဖြစ်ပေါ်လာအောင် ဆက်လက်ကြိုးပမ်းရမည်ဖြစ် သည်။ ငြိမ်းချမ်းရေးပန်းတိုင်သို့
အရောက်လှမ်းနိုင်ရန်အတွက် ဦးစွာယုံကြည် မှုတည်ဆောက်ရမည်ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက်
မိမိတို့ယုံကြည်ရာကို ကိုင်စွဲထားသော အဖွဲ့အစည်းအသီးသီးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်
အကျေအလည် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ဘုံရည်မှန်းချက်ကို ရှာဖွေရမည်ဖြစ်သည်။
ထာ၀ရငြိမ်းချမ်းရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
များအားလုံး ပါဝင်ရမည့်အရေးဖြစ်၍ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်
ရေးကို ယုံကြည်မှုဖြင့် ညှိနှိုင်းဆွေးနွေးပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် အပစ်အခတ်ရပ်စဲရေးခိုင်မာလာစေ ရေးအတွက် NCA စာချုပ်သည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို
အာမခံ ချက်ပေးထားသည့် အားလုံးပါဝင်သော သဘောတူညီမှုတစ်ခုလည်းဖြစ်သည်။
NCA စာချုပ်တွင်ပါရှိသည့် လမ်းပြမြေပုံ(၇)ဆင့်နှင့်အညီ
ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊
အာမခံ ချက်များအပြည့်အဝရှိသော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွား နိုင်ရန်အတွက် UPDJC ၏ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု၊
သမာ သမတ်ကျမှု၊ ပြည်သူလူထုအကျိုးအတွက် ဦးထိပ်ထားမှုများသည် အဓိကကျ သည့် အခန်းကဏ္ဍများဖြစ်သည်။
ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ
အစည်း အဝေးကိစ္စရပ်များ၊ သဘောတူညီချက်များကို
အပြည့်အဝအကောင်အထည် မဖော်နိုင်သေးချေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် တစ်ဆို့မှုများရှိနေသေးသောကြောင့် သူ့မူ၊
ကိုယ့်မူ အသေဆုပ်ကိုင်မထားဘဲ "မလျော့မတင်းစောင်းကြိုးညင်း" သကဲ့သို့ နှစ်ဖက် အပေးအယူနားလည်မှုရှိစွာဖြင့်
အကြိမ်ကြိမ်အထပ်ထပ် ဆွေးနွေးညှိနှိုင်းသွား ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်
အချိန်အကန့်အသတ်ရှိသော ကြောင့် ၂၀၂၀ မတိုင်မီ အဓိကကျသည့် ဖက်ဒရယ်အခြေခံမူများနှင့်
ဒီမို ကရေစီအခြေခံမူများရရှိရေးအတွက် အားလုံးဝိုင်းဝန်းပံ့ပိုးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး၏
မျှော်မှန်းချက်သည် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဖြစ်၍ အဆိုပါ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို အဆက်မပြတ်
ပြုလုပ်ဆွေးနွေးပြီး NCA စာချုပ်တွင် လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်
ပါဝင်လာရေး၊ ပြည်ထောင်စုသဘောတူညီချက်များ အပြည့်အဝရရှိရေး အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊
နိုင်ငံရေးအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု
ယုံကြည်ပါသည်။ ။
No comments:
Post a Comment