Monday, June 10, 2019

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းကျန်းမာရေးစောင့်ရှောက်မှုအရှိန်အဟုန်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ ဒေသနှင့် အကိုက်ညီဆုံးသော စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည်


Image may contain: 1 person, wedding
နေပြည်တော် ဇွန် ၉
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အထူးကိစ္စရပ်အနေဖြင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး၊ တစ်ကိုယ် ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မုံရွာ မြို့၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝေးလံပြီးသွားလာရခက်ခဲသော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့်နန်းယွန်းမြို့နယ်အတွက် အမှန်တကယ်လိုအပ် လျက်ရှိပြီး လက်တွေ့မြေပြင်အခြေအနေတွင် ပြုလုပ်နိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆောင်ရွက်ခြင်းမှာ ဆေးပညာ ကျင့်ဝတ်များနှင့်အညီဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ယခုညှိနှိုင်းအစည်းအဝေး သည် အရေးကြီးပါကြောင်း။
ညှိနှိုင်းအစည်းအဝေးတွင် လက်တွေ့မြေပြင်၌ အမှန်တကယ် ဆောင်ရွက် နိုင်မည့် လုပ်ငန်းစဉ်များ တိကျစွာထွက်ပေါ်လာရေးနှင့် စနစ်ကျစွာ ဆောင်ရွက် နိုင်ရေး ဝိုင်းဝန်းဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ နယ်များရှိ ကျေးရွာများ အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရှိ သွားလာရခက်ခဲသော ကျေးရွာများမှ မိမိတို့နိုင်ငံသား ဒေသခံပြည်သူများတွင် ဘာသာစကားမျိုးစုံကွဲပြားလျက်ရှိပြီး ကျန်းမာရေးအသိပညာလည်းနည်းပါး ကာ ကာကွယ်နိုင်သည့်ရောဂါများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါကြောင်း။

ပူးပေါင်းချိတ်ဆက်ဆောင်ရွက်

နိုင်ငံတကာအဆင့်မီ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်း များ၊ စီမံချက်လုပ်ငန်းများ များပြားစွာရှိသော်လည်း မိမိတို့နိုင်ငံ၊ လုပ်ငန်း ဆောင်ရွက်မည့်ဒေသ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုမရှိပါက လက်တွေ့ ဆောင်ရွက်ရာတွင် မည်သို့မျှအောင်မြင်မှုရရှိမည် မဟုတ်ပါကြောင်း၊ ဒေသ၏ ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်မှု၊ လူမှု-စီးပွား၊ ဖွံ့ဖြိုးမှု၊ ဒေသခံများ၏ ကျန်းမာရေး အသိပညာကြွယ်၀မှု၊ ယုံကြည် ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အလေ့အထ၊ ကျန်းမာရေးဝန်ဆောင်မှုများရရှိမှုနှင့် အသုံးပြုမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး၊ လှူစွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေနှင့် ဆေး၊ ဆေးပစ္စည်း ကိရိယာများ အပါအဝင် အရင်းအမြစ်များ၊ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း စသည့်အခြေအနေများကို နောက်ခံထား၍ ဒေသနှင့် အကိုက် ညီဆုံးသော စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ဆက်သွယ်ပြောဆိုသည့် ဘာသာစကားအမျိုးမျိုး ကွဲပြားလျက်ရှိသည့် အဆိုပါဒေသရှိပြည်သူများတွင် ရောဂါကာကွယ်ဆေး၊ အာဟာပြည့်၀စွာ စားသုံးမှု၊ မိခင်၊ မျိုးဆက်ပွားနှင့် ကလေးကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စသည့် ကျန်းမာရေးအသိပညာ ဗဟုသုတများ ရရှိကြွယ်၀စေရန် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ ဒေသတာဝန်ရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး အစရှိသည့် အထူးအရေးကြီးသည့် ကဏ္ဍများ၏ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုကို ရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အောင်မြင်မှုများရရှိမည်

ဒေသရှိ မြို့နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူးများ၊ ဆရာဝန် များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးပညာရှင်များဖြစ်သည့် ကျန်းမာရေး မှူးများ၊ သားဖွားဆရာမများ၊ ပြည်သှူကျန်းမာရေးကြီးကြပ်များ၏ အကြံပြုမှု သည် လုပ်ငန်းစဉ်များရေးဆွဲရာ၌ အထူးအရေးကြီးပါကြောင်း၊ ဒေသတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဝန်ကြီးဌာနနှင့် ထိရောက်စွာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြောဆိုခြင်း၊ ပံ့ပိုးပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များအတွက် အထူးအစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းများအား ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများကို လက်ကမ်းကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ဝိုင်းဝန်းအကြံပြုဆွေးနွေး

ထို့နောက် Unicef ၊WFP၊ Access to Health Fund၊မြန်မာ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ WHO Country Office၊PATH၊ CPI၊ Medical Action Myanmar တို့မှ တာဝန်ရှိ သူများက လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းပံ့ပိုးမည့် အစီအစဉ်များကို ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေး နံနက်ပိုင်း ဆွေးနွေးအကြံပြုမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး မွန်းလွဲပိုင်းအစီအစဉ် တွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး၊ တစ်ကိုယ် ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment