Friday, February 22, 2019

အိုင်အက်စ်တို့၏ နောက်ဆုံးခြေကုပ်စခန်းမှ အရပ်သားများလွတ်မြောက်ရန်
အမေရိကန်ထောက်ခံသည့် ဆီးရီးယားတပ်ဖွဲ့ကြိုးပမ်း
Image may contain: 5 people, people smiling, people sitting
ဒမတ်စကတ် ဖေဖော်ဝါရီ ၂၁
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့၏ နောက်ဆုံးအခိုင်အမာ ခြေကုပ်စခန်းတွင် ပိတ်မိနေ သည့် အရပ်သားများအား လွတ်မြောက်ရေးအတွက် အမေရိကန် ထောက်ခံအားပေးသည့် ဆီးရီးယားတပ်ဖွဲ့ များက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့က ၄င်းအစီအစဉ်ကို ဆန့်ကျင်ပြီး ဂျီဟတ်ဝါဒီများ အနေဖြင့် မလွဲမသွေ အရှုံးဖြင့်ရင်ဆိုင်ရမည်ဟုဆိုသည်။
အမျိုးသမီးနှင့် ကလေးငယ်များပါဝင်သည့် ရာပေါင်း များစွာသော အရပ်သားများသည် အိုင်အက်စ်တို့၏ နောက်ဆုံးခြေကုပ်စခန်းမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ထရပ်ကားများဖြင့် ထွက်ခွာခဲ့သည်။ သို့သော် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့(အက်စ်ဒီအက်ဖ်)က ပမာဏကြီးမား သော အရပ်သားများ အိုင်အက်စ်တို့၏ စခန်းထဲတွင် ကျန်ရှိနေသည်ဟု ပြောကြားသည်။
အိုင်အက်စ်တို့လက်တွင်းမှ အရပ်သားများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုပြုနေသည့် မြင်ကွင်း သည် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်)တို့က အိုင်အက်စ်တို့၏ နောက်ဆုံးအြွကင်းအကျန်ဒေသကို ပြန်လည်သိမ်းယူတော့မည့် လက္ခဏာဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်းက အီရတ်နှင့် ဆီးရီးယားနိုင်ငံတစ်ဝန်းရှိ နယ်မြေအများအပြားကို သိမ်းယူခဲ့ပြီး အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ကြောင်း ကြေညာခဲ့သည့် ဂျီဟတ် ဝါဒီများမှာ ချေမှုန်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် လက်နက် ချခြင်းများ ပြုလုပ်ခဲ့ကြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment