Friday, February 22, 2019

အိုင်အက်စ်အဖွဲ့နှင့် ပူးပေါင်းခဲ့သည့် အမေရိကန်နိုင်ငံသူအား
ပြည်ဝင်ခွင့်မပြုဟု အမေရိကန်သမ္မတပြောကြား
Image may contain: 1 person
ဝါရှင်တန် ဖေဖော်ဝါရီ ၂၁
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)နှင့် ပူးပေါင်းခဲ့သည့် အသက် ၂၄ နှစ်အရွယ် အမေရိကန်နိုင်ငံသူအား အမေရိကန်ပြည်ထောင်စုသို့ ပြန်လာရန် ခွင့်မပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
တိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံး
ဟိုဒါမူသန်နာအမည်ရှိ အဆိုပါ အမျိုး သမီးသည် လူမှုကွန်ရက်များတွင် ဖော်ပြသည့် အစ္စလာမ္မစ်အစွန်းရောက် အယူဝါဒများကို ယုံကြည်သက်ဝင်လာပြီးနောက် ၂၀၁၄ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု အယ်လ် ဘားမားပြည်နယ်မှ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း အမေရိကန်သတင်း မီဒီယာများ၌ သတင်းဖော်ပြသည်။
ဟိုဒါမူသန်နာသည် အိုင်အက်စ်စစ်သွေးြွကတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ၄င်း၏ခင်ပွန်း ဖြစ်သူမှာ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံး ခဲ့သည်။ ဟိုဒါသည် လက်ရှိတွင် အသက် တစ်နှစ်အရွယ်ရှိ သားငယ်နှင့်အတူ နေထိုင် နေသည်။
အိုင်အက်စ်အဖွဲ့နှင့်ပူးပေါင်းမိခဲ့ခြင်းကို ၄င်းအနေဖြင့် နောင်တရမိကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်ချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၄င်း၏သားငယ် လုံခြုံမှုအတွက်ဖြစ်ကြောင်းနှင့် ဇာတိမြေသို့ ပြန်ခွင့်ရလျှင် ၄င်းရင်ဆိုင်ရမည့်ပြစ်ဒဏ်အား ခံယူရန်အသင့်ရှိကြောင်း ၄င်ကဆက်လက် ပြောကြားသည်။
ရေးသားဖော်ပြ
၎င်းအမျိုးသမီးကို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ဝင်ရောက်ခွင့်မပြု ရန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအား မိမိòန်ကြားထားသည်ဟု သမ္မတထရန့်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ၄င်း၏အင်တာနက် တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။ ၄င်းအမျိုးသမီးကို အမေရိကန်ပြည်ထောင်စု သို့ ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်သည့်ကြေညာ ချက်၌ ဖော်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံသားများ ဆီးရီးယားသို့ မသွားရောက်ရန် စဉ်ဆက်မပြတ် ပြင်းပြင်းထန်ထန်အကြံပေးခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အင်န်အိတ်ခ်ျေ

No comments:

Post a Comment