Friday, February 22, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်
ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing, suit and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr.
Kim Jaewon အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော် များ၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ အထောက်အကူပြုရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးဇော်သိန်း၊ ဦးခင်အေးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment