
ဟားခါး ဖေဖော်ဝါရီ
၂၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နှင့် လွှတ်တော်ကိုယ်စား
လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်
နိုင်ငံတော်သမ်္မတက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တာဝန်
ရှိသည့် ပုဂ်္ဂိုလ်အားလုံးက တက်ညီလက်ညီသန်္နိဋ္ဌာန်ချ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့
ဆောင်ရွက်သည့်အခါ အစိုးရ အဖွဲ့ တစ်ဖွဲ့တည်းဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက် နိုင်မည်မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွင်လည်း တာဝန်ရှိကြပါကြောင်း။
မိမိတို့နိုင်ငံသည်
ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို စတင်၍
ခြေလှမ်းနေကြခြင်းဖြစ်ပါကြောင်း၊ တချို့မှာ
ပြုပြင်ပြောင်းလဲ ရေးအတွက် စိုးရိမ်ခြင်းများရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး သည်
ရန်သူမဟုတ်ပါကြောင်း၊ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများအတွက်
အခွင့် အခါကောင်း၊ အခွင့်အလမ်းကောင်းဖြစ်သည်ကို
ဌာနဆိုင်ရာ အသီးသီးက သိရှိစေလိုပါကြောင်း၊ အများအားဖြင့် နိုင်ငံသူ နိုင်ငံသားများထင်မြင်ကြသည်မှာ အစိုးရအဖွဲ့ပြောင်းပါကပြုပြင်
ပြောင်းလဲမှုဖြစ်သည်ဟုထင်ကြပါကြောင်း၊ အမှန်တကယ်မှာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲခြင်းပြုလုပ်ရုံသာမက
အဆင့်ဆင့် သော ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးက
လိုက်ပါပြောင်းလဲ ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများကလည်း
မိမိတို့၏ပြုပြင်ပြောင်း လဲလိုသည့် စိတ်ဓာတ်များ၊
ခံယူချက်များကို ပြောင်းလဲနိုင်မှ ပြုပြင်ပြောင်းလဲမှုဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်အစိုးရ၊
လွှတ်တော်နှင့် ကျန်သည့် ဌာနဆိုင်ရာအားလုံး တက်ညီလက်ညီ ပြောင်းလဲ ကြရမည်ဖြစ်ပါကြောင်း။ ဒီမိုကရေစီတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သာတူညီမျှမှု
များ ရှိပါကြောင်း၊ ဒီမိုကရေစီသည် နိုင်ငံသူနိုင်ငံသားများအတွက် လုံခြုံစိတ်ချမှုရှိသည့်အပြင် ပျော်ရွှင်ချမ်းမြေ့စေမှု
စသည့်အခွင့်အရေးများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊
တိုင်းရင်းသား လူမျိုးများအားလုံးမပါဘဲ ပြည်ထောင်စုဟုပြော၍မရပါကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်မှသာပြည်ထောင်စုဟု
ပြောနိုင် ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအားလုံးတန်းတူညီမျှ သည့် အခွင့်အရေးများရရှိရန်၊
ဖက်ဒရယ်အခွင့်အရေးများရရှိ ရန်၊ ဒီမိုကရေစီအခွင့်အရေးများရရှိရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း အခွင့်အရေးများရရှိရန် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
ဖိနှိပ်ချုပ်ချယ်သည့်အုပ်ချုပ်မှုမျိုးမဖြစ်စေလို
ထိုသို့
ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်သည်
အဓိက ကျပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့ နိုင်ငံသူနိုင်ငံသား များအပေါ်
တရားဥပဒေစိုးမိုးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလို ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု၊
ပျော်ရွှင်ချမ်းမြေ့မှုပေးသည့် စီမံခန့်ခွဲသည့်
ယ်္တရားတစ်ခု ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ် သည့်
အုပ်ချုပ်မှုမျိုး မဖြစ်စေလိုပါကြောင်း။
ယင်းသည်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ ရည်ရွယ် ချက်များဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်း
အသီးသီး အနေဖြင့် တရားမျှတ၍ ကိုယ်ချင်းစာတရားနှင့်အညီ ဆောင်ရွက် ပေးစေလိုပါကြောင်း၊
တရားမျှတသည့် လူ့အဖွဲ့အစည်းဖြစ်မှသာ ဒီမိုကရေစီတည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း။
ထို့အတူ
ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း တရားမျှတ သည့် ဥပဒေများ ဖြစ်စေရန်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို
သွားမည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်များပါဝင်သည့် ဥပဒေပြု ရေးဖြစ်စေရန်၊ ဖက်ဒရယ်စနစ်များပါဝင်သည့်
ဥပဒေပြုရေး ဖြစ်စေရန် ဥပဒေပြုရေးမဏ္ဍိုင်က ပြဋ္ဌာန်းပေးရမည်ဖြစ်ပါ ကြောင်း၊ ပြည်နယ်အတွက် လိုအပ်သည့်ဥပဒေများကို
မှန်မှန် ကန်ကန် ပြဋ္ဌာန်းပေးနိုင်မှသာ အဆိုပါဥပဒေနှင့်အညီ အုပ်ချုပ် ရေးမဏ္ဍိုင်က အုပ်ချုပ်မည်ဖြစ်ပါကြောင်း၊
ယခင်ဥပဒေအတိုင်း သာ တည်ရှိနေပါက စီမံခန့်ခွဲသည့် အုပ်ချုပ်ရေးအပိုင်းတွင်လည်း ယခင်အတိုင်းပင်
ဖြစ်နေမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ ဟန်ချက်ညီရန်
ဂရုစိုက်စေ လိုပါကြောင်း။
အပြန်အလှန်ထိန်းကျောင်း
တရားစီရင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍
လွတ်လပ်သော တရား စီရင်ရေးဖြစ်ရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)အရ ဥပဒေပြုရေး၊
အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ တစ်ခုနှင့်တစ်ခု ၀င်စွက်ဖက်၍ မရပါကြောင်း၊ တရားသူကြီး၏
ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဆောင်ရွက်ချက် မှန်ကန်မှု၊ မျှတမှု ရှိ မရှိကိုသာ အုပ်ချုပ်ရေးပိုင်းနှင့်
ဥပဒေပြုရေးပိုင်းက အပြန် အလှန် ထိန်းကျောင်းပေးရမည်သာဖြစ်ပါကြောင်း။
အစိုးရအဖွဲ့၏
ပြုပြင်ပြောင်းလဲသည့်ပေါ်လစီကို အကောင် အထည်ဖော်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ
သည် အဓိကကျပြီး အကောင်အထည်ဖော်ပေးရမည်ဖြစ် ကြောင်း၊
မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်နှင့်
အနာဂတ် မျိုးဆက်သစ်များ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးအသီးအပွင့် များကို ခံစားနိုင်အောင် လက်တွေ့ ပြုပြင်ပြောင်းလဲရေးများကို
ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ဝန်ဆောင်မှုကောင်းကောင်းပေးရမည်ဖြစ်
နိုင်ငံဝန်ထမ်းများအနေဖြင့်
ပေးအပ်သည့် တာဝန်အပေါ် ကျေပွန်စွာတာဝန်ထမ်းဆောင်ရန်လိုအပ်ပြီး ပြည်သူကိုဗဟိုပြု သည့် ၀န်ဆောင်မှုကောင်းကောင်းပေးရမည်ဖြစ်ကြောင်း၊ အခြေခံစိတ်ထားမှာ
ပြည်သူက မိမိတို့ကို နိုင်ငံ့တာဝန်ထမ်းဆောင် ရန် ပြည်သူ့အခွန်ဘဏ္ဍာများနှင့် လစဉ်ချီးမြှင့်ငွေပေးထားခြင်း
ဖြစ်သည်ဟု သဘောပေါက်ရန် လိုအပ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည်
နိုင်ငံတော်အပေါ် သစ်္စာရှိ၍ နိုင်ငံ တော်၏
ကျေးဇူးတရားကို သိရှိကာ ပြဋ္ဌာန်းထားသော နိုင်ငံ့ ၀န်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်
ဖြစ်ပါကြောင်း၊ ထိုသို့ လေးစားလိုက်နာ သော နိုင်ငံ့ဝန်ထမ်းကောင်းများ တိုးပွားလာပါက
နိုင်ငံလည်းကောင်းမည်ဖြစ်ပါကြောင်း။
ပြည်သူ့ဘဏ္ဍာများ
လေလွင့်ဆုံးရှုံးမှုမရှိစေရန်ကြည့်ရှု
ပြည်နယ်အစိုးရအနေဖြင့်
စီမံကိန်းတစ်ခု ဖော်ဆောင်မည် ဆိုပါက ယင်းစီမံကိန်းသည် မိမိဒေသအတွက် အကျိုးရှိ/မရှိနှင့်
အမှန်တကယ်လိုအပ်မှု ရှိ/မရှိ၊ စီမံကိန်းဖြစ်နိုင်ခြေ ရှိ/မရှိတို့ကို စဉ်းစားတွက်ချက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ စဉ်းစားရာတွင် လွှတ်တော်ပိုင်းက စီမံကိန်းတစ်ခု၏ ငွေကြေး ကုန်ကျမှု၊ ဒေသပေါက်ဈေး စသည်တို့ကို စစ်ဆေးရမည့်အပြင်
စာရင်းစစ်အပိုင်းကလည်း ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊
မိမိတို့ အမှန်တကယ် လိုအပ်၍ လုပ်ဆောင်ရပါက အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ရမည့်အပြင်
အမှန်တကယ်ကုန်ကျစရိတ်မှ ပိုလျှံ သည်များကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး
ဘဏ္ဍာ ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရာ၌
ခြိုးခြိုးခြံခြံ ဖြင့် စနစ်တကျသုံးစွဲရမည်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများ
ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ်္စများတွင် တချို့က
မသိချင်ယောင်ဆောင်၍ မျက်နှာလွှဲထားသည်များရှိပါကြောင်း၊ ဖမ်းဆီးရမည်ကို မဖမ်း ဆီးဘဲထားခြင်း၊ အရေးယူရမည်ကို အရေးမယူဘဲထားခြင်း စသည့်ကိစ်္စများတွေ့ရှိလာပါက တိတိကျကျ
အရေးယူသွားမည် ဖြစ်ပါကြောင်း။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်
တရားစီရင်ရေးကို
ပြန်လည်တည့်မတ်ရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီတည်တံ့ခိုင်မြဲမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး
တရားဥပဒေရှေ့မှောက် ၌ ညီတူညီမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တရားဥပဒေ၏ အရိပ်အာဝါသကို
နိုင်ငံသူ၊ နိုင်ငံသားတိုင်း ခံစားရမည်ဖြစ်ပါ ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်တွင်း
ငြိမ်းချမ်းရေး အတွက် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေး၊
လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး များသည် ချိတ်ဆက်နေပါကြောင်း၊ တစ်ခုချိုးဖောက်လျှင်
အခြားတစ်ခုလည်း ချိုးဖောက်ခံရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏
လုပ်ငန်းတစ်ခု၊ မူဝါဒတစ်ခု ချမှတ်ပါက ပြည်နယ်အစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ် မည်မျှပြီးစီးသည်ကို
မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်၏ လိုအပ်ချက်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများအား
ပြုပြင် ခြင်း၊ ဩန်ပြသင့်သည်များကို ညွှန်ပြခြင်းများ၊ ကြီးကြပ်ကွပ်ကဲ ခြင်းတို့ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
ဆောင်ရွက် နေမှုများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက်္ကဋ္ဌ ဦးဇိုဘွဲက လွှတ်တော်ရေးရာလုပ်ငန်း
ဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်က
တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
လိုအပ်ချက်များကို
ဦးစားပေးဆောင်ရွက်ပေးနေ
နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်း ၍
ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ်ချက်များကို
အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ အထူးသဖြင့်
နိုင်ငံတော်အစိုးရအနေဖြင့် မဖွံ့ဖြိုး သေးသည့် ဒေသများနှင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များ
ကို ဦးစားပေးဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်သမ်္မတသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင်
နိုင်ငံတော်သမ်္မတနှင့်အဖွဲ့သည် ဖလမ်းမြို့ နယ် (ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းသို့
ရောက်ရှိကြရာ လေကြောင်းပို့ဆောင်ရေးဩန်ကြားမှုဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့်
ဩန်ကြားရေးမှူး ဦးကျော်စိုး တို့က (ဆူရ်ဘုန်) လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ မြေသားလုပ်ငန်းများ
ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
နှင့် ပြီးစီးမှု၊ အရည်အသွေးကောင်းမွန်စေရန် ကြီးကြပ်ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ရှင်းလင်းတင်ပြ
ယင်းနောက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်
ဦးဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ်္မတက
တင်ပြချက်များနှင့်စပ်လျဉ်းပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရန်
အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊
ယခုတည်ဆောက်လျက်ရှိ သည့် (ဆူရ်ဘုန်) လေယာဉ်ကွင်းမှာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
သတ်မှတ်ချိန်အတွင်း စီမံကိန်း လုပ်ငန်းများပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းလုပ်ငန်းခွင်အတွင်းလှည့်လည်ကြည့်ရှု
ထို့နောက်
နိုင်ငံတော်သမ်္မတသည် ဖလမ်းမြို့နယ်(ဆူရ်ဘုန်) လေယာဉ်ကွင်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေဖြတ်ခြင်းနှင့်
တောင်ဖြိုခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့နှင့် မြေထိန်းနံရံတည်ဆောက်လျက်ရှိသည့်
နေရာများကို လှည့်လည်ကြည့်ရှုသည်။
ဖလမ်းမြို့နယ်(ဆူရ်ဘုန်)လေယာဉ်ကွင်း
တည်ဆောက်ခြင်း ဖြင့် တောင်တန်းထူထပ်ပေါများသော ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏
လမ်းပန်းဆက်သွယ်မှုအဆင်ပြေချော မွေ့ စေပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးကိစ်္စများ၊
စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အရေး ပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ဒေသခံ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါ သည်။
နေပြည်တော်သို့ပြန်လည်ရောက်ရှိ
ယင်းနောက်
နိုင်ငံတော်သမ်္မတနှင့်အဖွဲ့သည် (ဆူရ်ဘုန်)လေယာဉ်ကွင်းမှ ကလေးမြို့သို့
ရောက်ရှိပြီး ထိုမှတစ်ဆင့် တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင်
ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်
No comments:
Post a Comment